slider1
slider2
slider3
slider4
previous arrow
next arrow

ရန်ကုန် (ဗဟိုဓာတ်ခွဲခန်း)

မြေအသုံးချရေးဓာတ်ခွဲခန်း (ရန်ကုန်)

ရန်ကုန်မြို့၌ ၁၉၅၇ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သော မြေအသုံးချရေး(ဓာတ်ခွဲခန်း)သည် စိုက်ပျိုးရေးနှင့် ဆက်စပ်နေသော လုပ်ငန်းများအတွက် အရည်အသွေးပြည့်မီသော ဓာတ်ခွဲ စမ်းသပ်ပေးသည့် ဝန်ဆောင်မှု့လုပ်ငန်းကို အဓိကဦးစားပေး၍ ဆောင်ရွက်ပေးလျက် ရှိပါသည်။

ဓာတ်ခွဲခန်းရှိ မြေဆီလွှာပညာရှင်များနှင့် ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းများမှ ဓာတ်ခွဲစမ်း သပ်စစ်ဆေးခြင်း၊ စစ်ဆေးရရှိသည့် ရလာဒ်များအား သုံးသပ်အကြံပြုပေးခြင်း၊ ဓာတ်မြေဩဇာ များအား ထောက်ခံချက်နှုန်းထားတွက်ချက်ပေးခြင်း၊ မြေဆီလွှာပြဿနာများအား ပြုပြင်နိုင်မည့် နည်းလမ်းများကို ရှာဖွေခြင်းနှင့် စီမံခန့်ခွဲခြင်းစသည့် လုပ်ငန်းများတွင် အတွေ့အကြုံများစွာ ရှိသူများလည်းဖြစ်ပါသည်။

မြေအသုံးချရေးဓာတ်ခွဲခန်း(ရန်ကုန်) တွင် မြေဆီလွှာ၊ အပင်တစ်ရှူး၊ သဘာဝနှင့် ဓာတ်မြေဩဇာများ၊ စိုက်ပျိုးသွင်းရေ၊ အပင်နှင့်တိရိစ္ဆာန် အညစ်အကြေးမှရရှိသည့် မြေဩဇာနှင့် အန္တရာယ်ရှိစေသည့် ဓာတ်ကြွင်းများအား စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဤဓာတ်ခွဲခန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာများ စမ်းသပ်စစ်ဆေးခြင်းအတွက် မှတ်ပုံတင်အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသည့် တစ်ခုတည်း သော ဓာတ်ခွဲခန်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ပြဌာန်းထားသော မြေဩဇာဥပဒေအရ တရားစွဲဆိုပိုင်ခွင့် ပြစ်မှုပြစ်ဒဏ် များနှင့်ပတ်သက်၍ ပြစ်မှုတစ်စုံတစ်ရာ ရှိ/မရှိအား စစ်ဆေးဆုံးဖြတ်ရာတွင် မြေအသုံးချရေး ဓာတ်ခွဲခန်း (ရန်ကုန်) ၏ စမ်းသပ်တွေ့ရှိမှု အဖြေသာ အတည်ဖြစ်ပါသည်။

ဤဓာတ်ခွဲခန်းသည် ဩစတြေးလျအပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဗဟိုအထောက်အပံ့ ဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်း (SMCN/2014/044) အစီအစဉ်ဖြင့် နမူနာများအား ဓာတ်ခွဲခြင်းဆိုင်ရာ အရည်အသွေးထိန်းသိမ်းရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

မြေနမူနာများ ဓါတ်ခွဲစစ်ဆေးရာတွင် အသုံးပြုဆောင်ရွက်နေသော နည်းလမ်းများ

WordPress Tables Plugin

ရေဓါတ်ခွဲစစ်ဆေးရာတွင် အသုံးပြုဆောင်ရွက်နေသော နည်းလမ်းများ

WordPress Tables Plugin

ဓါတ်မြေဩဇာဓါတ်ခွဲစစ်ဆေးရာတွင် အသုံးပြုဆောင်ရွက်နေသော နည်းလမ်းများ

WordPress Tables Plugin

အပင်များ ဓာတ်ခွဲစစ်ဆေးရာတွင် အသုံးပြုဆောင်ရွက်နေသော နည်းလမ်းများ

WordPress Tables Plugin

တောင်ပိုင်းခရိုင်

More Info

မြောက်ပိုင်းခရိုင်

More Info