ဒီဂျစ်တယ် မြေအရင်းအမြစ်ပြ မြေပုံရေးဆွဲရန်အတွက် မြေနေရာရွေးခြင်း နည်းလမ်းများနှင့် မြေအမျိုးအစား ခွဲခြားခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ( Digital Land Resource Mapping) အစီရင်ခံစာ

သင်တန်းသားဦးရေ

- ဝန်ထမ်း(၇) ဦး

ဆောင်ရွက်သည့်နေရာ

- မြေအသုံးချရေးဌာနခွဲ၊ ရန်ကုန်

ဆောင်ရွက်သည့်နေ့ရက်

- ၂၉.၁၀.၂၀၁၈ - ၁.၁၁.၂၀၁၈

သင်တန်းပို့ချသူ – Dr. Anthony John Ringrose-Voase (CSIRO, Agriculture, Projector Leader)

သင်တန်းတက်ရောက်သူများ

  • ဒေါက်တာစန်းလှထွေး(ဦးစီးအရာရှိ၊ မြေအသုံးချရေးဌာနခွဲ)
  • ဦးကျော်သက်ဦး(ဒု-ဦးစီးမှူး၊မြေအသုံးချရေးဌာနခွဲ)
  • ဦးလှိုင်ထွန်းအောင် (ဒု-ဦးစီးမှူး၊မြေအသုံးချရေးဌာနခွဲ)
  • ဦးအောင်ကျော်လင်း(လ/ထဦးစီးမှူး၊မြေအသုံးချရေးဌာနခွဲ)
  • ဦးပိုင်ဦးဇော်(လ/ထဦးစီးမှူး၊မြေအသုံးချရေးဌာနခွဲ)
  • ဦးအောင်မြင့်မြတ်(လ/ထဦးစီးမှူး၊မြေအသုံးချရေးဌာနခွဲ)
  • ဦးသက်နိုင်ဝင်း(ဒု-လ/ထဦးစီးမှူး၊မြေအသုံးချရေးဌာနခွဲ)

ဆွေးနွေးပို့ချသည့် အကြောင်းအရာများ

  • ဒီဂျစ်တယ်မြေအရင်းအမြစ်ပြမြေပုံရေးဆွဲခြင်း(Digital Land resource Mapping) အကြောင်း မိတ်ဆက်ခြင်း
  • QGIS Software Version Update Install လုပ်ဆောင် ခြင်း
  • Point, Line, Polygon စသည့် Vetor Layer များ အကြောင်းရှင်းလင်းခြင်း
  • QGIS Software ဖြင့် Township Boundary, Village Track Boundary, Road, Drainage စသည့် Vector Layer များကိုထည့်သွင်းအသုံးပြုလုပ်ဆောင်ခြင်း
  • GIS Software ကိုအသုံးပြုပြီး Physiographic Unit များ ကို လက်တွေ့လုပ်ဆောင်ခြင်း
  • Vector layer နှင့် Raster Layer များDownload ဆွဲနည်း ကိုလက်တွေ့လုပ်ဆောင်ခြင်း
  • Site Generation Software ကို အသုံးပြု၍ GPS Point များချနည်း လက်တွေ့လုပ်ဆောင်ခြင်း
  • Landform များကို လက်တွေ့လေ့လာ လုပ်ဆောင်ခြင်း
  • Google Map Linked ချပေးနည်းနှင့် GPS Point များကို Download ဆွဲနည်းလုပ်ဆောင်နည်း

ဆွေးနွေးပို့ချမှုအပေါ် အပြန်အလှန်ဆွေးနွေးမှုများနှင့်ရလာဒ်များ

  • QGIS Software UpdateVersion Install ပြုလုပ်နည်း အဆင့်ဆင့်များကို လက်တွေ့လုပ်ဆောင်ပြီး မြေအရင်း အမြစ်ပြမြေပုံရေးဆွဲခြင်းနည်းပညာကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
  • Digital Land Resource Mapping ရေးဆွဲခြင်းတွင် Vector Layer နှင့် Raster Layerများကို အခြေခံ လေ့လာ ရပါသည်။ Point, Line, Polygon များကို အသုံးပြု၍ Pond, Township Boundary, Village Track, Road, Drainage စသည့် Vector Layerများကိုcom link မှ Download ရယူနိုင်ပါသည်။ လက်တွေ့လုပ်ဆောင်ရသည့် အတွက် မြို့နယ်နယ်နိမိတ်၊ ကျေးရွာအုပ်စုနယ်နိမိတ်၊ လမ်းများ၊ မြစ်၊ ချောင်း၊ ရေမြောင်းများကို သိရှိနိုင်ပါသည်။
  • QGIS Softwareတွင် Vector layer နှင့် Raster Layer များကို အသုံးပြုပြီး Physiographic unit, Landform များကို လေ့လာသုံးသပ်ပြီး Digital Land Resource Mapping ရေးဆွဲနိုင်ခြင်းဖြစ်ပါသည်။
  • မိမိအသုံးပြုလိုသောမြို့နယ်၏ မြေအရင်းအမြစ်ပြမြေပုံ ရေးဆွဲခြင်းတွင် မြေအမျိုးအစားများကို လေ့လာရန်အတွက် Site Generation Software ကိုအသုံးပြု၍ မြေအမျိုးအစားခွဲခြားနိုင်ရန် မြေနမူနာယူရန်အတွက် GPS point များကို Random Method ဖြင့် ချမှတ်နိုင်ပါသည်။
  • QGIS Software ကိုအသုံးပြုပြီးGoogle Map Uploaded လက်တွေ့လုပ်ဆောင်ခြင်းနှင့် GPS Points များကို German Software တွင် Download ဆွဲခြင်း လက်တွေ့လုပ်ဆောင် ပြီး Google Map ပေါ်တွင် Linked ပေးခြင်းဖြင့် မိမိတို့ အသုံးပြုသော မြို့နယ်၏ မြေအရင်းအမြစ်ပြမြေပုံနှင့် သက်ဆိုင်သော Soil Texture, Soil Structure, pH, EC, CEC စသည့် ဒေတာများအားလုံးကို သိရှိနိုင်သဖြင့် မြို့နယ် ၏ Land Suitability Map ကို ရရှိနိုင်မည်ဖြစ်ပါသည်။
  • ဒီဂျစ်တယ်မြေအရင်းအမြစ်ပြမြေပုံရေးဆွဲခြင်းသည် လွယ်ကူလျင်မြန်ခြင်း၊ ဒေတာများအားလုံးကို ထည့်သွင်း အသုံးပြုနိုင်သည့်အတွက် စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချ ရေးဌာနခွဲအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အထောက်အကူဖြစ်စေပြီး မြေဆီလွှာ အမျိုးအစားပြမြေပုံ ရေးဆွဲရာတွင်လည်း GIS နည်းပညာများကိုအသုံးပြု၍ ရေးဆွဲဆောင်ရွက်နိုင်မည့်အပြင် မြေယာစီမံခန့်ခွဲမှုများ လုပ်ဆောင်ရာတွင်လည်း Land Suitability Map များကို အသုံးပြု၍ ဒေသနှင့်ကိုက်ညီပြီး စီးပွားရေးတွက်ချေကိုက် သော သီးနှံအမျိုးအစားများကို ဖော်ထုတ်သွားနိုင်မည် ဖြစ်ပါ သည်။