စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုစီမံကိန်း (ADSP)

စီမံကိန်းကာလ : (၂၀၁၆ - ၂၀၁၇ မှ ၂၀၂၂ - ၂၀၂၃) ထိ

စီမံကိန်းဧရိယာ

စီမံကိန်းဒေသအတွင်းရှိ ရေသွင်းစိုက်ပျိုးသည့် ဧရိယာများတွင် သီးနှံအထွက်နှုန်းနှင့် သီးနှံစိုက်စွမ်းအား တိုးမြင့်စေရန်

အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (IRRI) နှင့် ပူးပေါင်း၍ မြေသြဇာထောက်ခံနှုန်းထားများပေးရန်အတွက် Adaptive Trial များ ဆောင်ရွက်ခြင်း

မြေဆီအာဟာရ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်စိမ်မြေသြဇာစမ်းသပ်ကွက် / စံပြကွက်များ ဆောင်ရွက်ခြင်း

ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် မြေဆွေးထည့်သွင်း စံပြကွက်များ ဆောင်ရွက်ခြင်း

မြေဆီလွှာ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ စီမံကိန်းဒေသအတွင်းရှိ ဝန်ထမ်းများနှင့် တောင်သူများအား စွမ်းဆောင်ရည် မြှင့်တင်ရန် သင်တန်းများ ဆောင်ရွက်ခြင်း

အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဋ္ဌာန (IRRI) နှင့် ပူးပေါင်း၍ Laboratory Safety သင်တန်းများ ဆောင်ရွက်ခြင်း ဓါတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်းအတွက် ဓါတ်ခွဲခန်းသုံးပစ္စည်းများ ဝယ်ယူခြင်း

အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဋ္ဌာန (IRRI) နှင့် ပူးပေါင်း၍ မြေအမျိုးအစားခွဲခြားတိုင်းတာခြင်းနှင့် မြေပုံများထုတ်လုပ်ခြင်း

စီမံကိန်းဒေသအတွင်းရှိ တောင်သူများ၏ သီးနှံအထွက်နှုန်းနှင့် ဝင်ငွေတိုးတက်လာမည်။

မြေဆီလွှာ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ရေရှည်တည်တံ့ ခိုင်မြဲသော နည်းပညာသစ်များ ရရှိလာမည်။

မြေဆီလွှာ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ တိုးချဲ့ပညာပေးဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာမည်။

မြေအမျိုးအစားခွဲခြားတိုင်းတာ၍ မြေပုံထုတ်လုပ်ခြင်းအားဖြင့် ဒေသနှင့် ကိုက်ညီသော သီးနှံများကို ရွေးချယ် စိုက်ပျိုးလာနိုင်မည်။

ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ အချိုးညီသုံးစွဲလာခြင်းဖြင့် ဓါတ်မြေသြဇာသုံးစွဲမှုကို လျော့ချနိုင်မည်ဖြစ်ပါသည်။

စိုက်ပျိုးရေကို စနစ်တကျသုံးစွဲတတ်လာစေမည်။

သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲလာခြင်းအားဖြင့် မြေဆီလွှာများ ဖွံ့ဖြိုးတိုးတက်လာစေမည်။

တောင်သူများ မြေဆီလွှာကို ကောင်းစွာ စီမံခန့်ခွဲတတ်စေမည်။

ပြည်ပပညာရှင်များ၏ နည်းပညာအကူအညီများ ရရှိခြင်းကြောင့် ပိုမိုကောင်းမွန်သော စိုက်ပျိုးနည်းစနစ်များ ကျင့်သုံးလာနိုင်စေမည် ဖြစ်ပါသည်။

ဓါတ်ခွဲခန်းများ အရည်အသွေးမြင့်မားလာပြီး Heavy Metal များအား ဓါတ်ခွဲ စစ်ဆေးလာနိုင်စေပါသည်။

ဓါတ်ခွဲခန်းဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေမည် ဖြစ်ပါသည်။

ပူးပေါင်းပါဝင်သော အဖွဲ့အစည်းများ

နှစ်အလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေ

၁၇.၂.၂၀၁၇

ဝန်ထမ်း(၉၅)ဦး

၁၆.၂.၂၀၁၇

ဝန်ထမ်း(၁၁၀)ဦး