မြေအသုံးချရေး စီမံကိန်းဌာနစိတ် (Planning Section)

(၁) မြေအသုံးချရေး စီမံကိန်းရေးဆွဲခြင်း (နှစ်ရှည်/နှစ်တို/နှစ်စဉ်)

(၂) မြေအသုံးချရေးလုပ်ငန်းများအား တိုင်း/ပြည်နယ် မြေအသုံးချရေးဌာနခွဲအလိုက် စီမံကိန်း ရေးဆွဲဆောင်ရွက်ခြင်း။

(၃) မြေအသုံးချရေးဌာနခွဲ တိုင်း/ပြည်နယ်အလိုက် စီမံကိန်းလျာထားချက်အပေါ် လုပ်ငန်း ဆောင်ရွက်မှု၊ တိုးတက်မှုအားစဉ်ဆက်မပြတ်အစီရင်ခံ သုံးသပ်တင်ပြခြင်း။

(၄) ပညာပေးသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း။

မြေအသုံးချရေးဌာနခွဲ၊ စီမံကိန်းဌာနစိတ်၏ လုပ်ငန်းတာဝန်များ

(၁)    တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ညှိနှိုင်းရေးဆွဲ အကောင်အထည်ဖေါ်  ဆောင်ရွက်လျှက်ရှိသော နှစ်တို/နှစ်ရှည်စီမံကိန်းများ အောင်မြင်စေရေးအတွက် လုပ်ငန်းအလိုက် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ခြင်း။

(၂)    သီးနှံပင်အတွက်အဓိကလိုအပ်သော အာဟာရဓာတ်များအပြင် အနည်းလိုအာဟာရဓါတ်များ၏ အကျိုးဖြစ်ထွန်းမှုကိုစမ်းသပ်ခြင်း။

(၃)    သီးနှံပင်အမျိုးအစားနှင့် သက်တမ်းအရ မြေသြဇာလိုအပ်ချက်များသိရှိပြီး မြေသြဇာများကို အချိုးညီ ထည့်သွင်းပေးနိုင်ခြင်းဖြင့် အာဟာရဓာတ် စီမံခန့်ခွဲနိုင်ခြင်း။

(၄)    ဓာတ်မြေသြဇာ အသုံးပြုမှုပမာဏလျော့ချပြီး သဘာဝမြေသြဇာများ သစ်စိမ်းမြေသြဇာများ အသုံးပြုလာစေခြင်းဖြင့် ကုန်ကျ စရိတ် လျော့ချပြီး ရေရှည်တည်တံ့သည့် သီးနှံအထွက်ရရှိနိုင်ကြောင်း တောင်သူများအား စံပြကွက်များ စိုက်ပျိုးပြသကာ ပညာပေး စည်းရုံးခြင်း။

(၅)     ရွက်ဖျန်းမြေသြဇာများ၏ အကျိုးအာနိသင်သက်ရောက်မှုရှိ/မရှိ သီးနှံအလိုက် စမ်းသပ်ကွက်များပြုလုပ်ခြင်း၊ စမ်းသပ်ကွက် များ၏ အဖြေအရ  စံပြကွက်များ ဆက်လက် ဆောင်ရွက်ခြင်း။

(၆)     မြေဆီလွှာအာဟာရဆိုင်ရာ  နည်းပညာပေးသင်တန်းများ ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူ များမှ မြေဆီလွှာဆိုင်ရာ အသိပညာ  များ နားလည်လာပြီး မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ပြီး  ဝင်ငွေကောင်းလာစေခြင်း။

(၇)     သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အဟန့်အတားဖြစ်သော မြေချဉ်ပေါက်ခြင်းနှင့်  ဆား ဆပ်ပြာပေါက်မြေ၊ သဲကြပ်မြေများအား  ပြုပြင်ပြီး သီးနှံအထွက်တိုးတက်အောင် ဆောင်ရွက် ခြင်း။

(၈)     မြေချဉ်ပြုပြင်ရေး၊ ဆားဆပ်ပြာပေါက်မြေ ပြုပြင်ရေးတို့တွင် အသုံးပြုသော ထုံး၊ ဂျစ်ပဆန် ထည့်သွင်းသည့်နှုန်းထားများကို ဒေသအလိုက် ထောက်ခံနှုန်းထားများ ပေးနိုင်ရန် စမ်းသပ်ကွက် များ ဆောင်ရွက်ခြင်း။

(၉)     မြေဆီလွှာတွင် ပါရှိနေသော အာဟာရဓါတ်များကို မြေနမူနာယူ၍ ဓါတ်ခွဲစစ်ဆေးပေးခြင်း၊ သီးနှံအတွက် လိုအပ်သော မြေသြဇာ ထောက်ခံနှုန်းထားများ တွက်ချက်ပေးခြင်း။

(၁၀)   မြေဆီလွှာ ထိန်းသိမ်းရေးလုပ်ငန်းများ ဖြစ်သော ကွန်တိုကန်သင်းကန့် စိုက်ပျိုးနည်း၊ တောင်စောင်း စိုက်ပျိုးနည်း၊ သီးနှံသစ်တော ရောနှော စိုက်ပျိုးနည်းစနစ်များကို စံပြကွက်များ စိုက်ပျိုးပြသပြီး တောင်သူများ လိုက်ပါဆောင်ရွက်နိုင်စေရန် ပညာပေး စည်းရုံးခြင်း။

(၁၁)   မြေဆီလွှာထိန်းသိမ်းရေးနှင့် ရေစနစ်တကျအသုံးပြုနိုင်ရေးအတွက် Water Saving Pond, Water Harvesting Pit, Stone   Dam, Check Dam များပြုလုပ်ပြီး တောင်သူများ လိုက်ပါ ဆောင်ရွက်နိုင်အောင် နည်းပညာပေးစည်းရုံးခြင်း။

(၁၂)    ပညာရပ်ဆိုင်ရာ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ကွင်းသရုပ်ပြပွဲများစီမံဆောင်ရွက်ခြင်း၊ ပညာပေးစာအုပ်များနှင့်လက်ကမ်း  စာစောင်များဖြန့်ဝေခြင်း၊ call center မှတဆင့် မေးမြန်း လာသော မေးခွန်းများ ဖြေကြားခြင်း၊

(၁၃)    စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိဌာနများ၊ ဆက်စပ် လျက်ရှိသော ဝန်ကြီးဌာနများနှင့်ပူးပေါင်း  ဆောင်ရွက်ခြင်း၊ လိုအပ်သော အချက်အလက် များ ပံ့ပိုးပေးခြင်း။

(၁၄)   တိုင်းဒေသကြီးပြည်နယ်များ၏ နှစ်စဉ်စီမံကိန်းလျာထားချက်အပေါ် ဆောင်ရွက် မှုများ အား လစဉ်၊ (၃)လ ပါတ်၊ (၆)လပါတ် နှင့် နှစ်ချုပ် အစီရင်ခံစာများပြုစုတင်ပြခြင်း။

(၁၅)   တိုင်းဒေသကြီး/ပြည်နယ်များတွင် သုတေသနလုပ်ငန်းများဆောင်ရွက်ရာမှ ရလာဒ်များ အပေါ်လိုအပ်သည်များကိုအကြံပြုခြင်း၊ ဆွေးနွေးခြင်း။

(၁၆)    ထူးခြားဖြစ်စဉ်များရှိပါက အလျင်အမြန်တင်ပြအစီရင်ခံခြင်း။

(၁၇)   အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်၍ နည်းပညာသစ်များ ပြန့်ပွားရေး  အတွက် ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။