အွန်လိုင်းဖြင့်မှတ်ပုံတင်လျှောက်ရာတွင် ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ

Setup Customer Details & Repersentative Details

Account Registration

Application Correction

About User Account

Edit Account Details

How to Log In & Log Out

Get An Invoice & Submit Receipt

Downloading A Certificate
မြေသြဇာ ထုတ်လုပ်ခွင့် မှတ်ပုံတင်ရရှိရန် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်

မြေသြဇာထုတ်လုပ်ခွင့်မှတ်ပုံတင်လျှောက်ထားရန် လိုအပ်သည့်စာရွက်စာတမ်းများ

  • မှတ်ပုံတင်လျှောက်လွှာ ပုံစံ(၃)
  • လျှောက်ထားသူ၏ ဓာတ်ပုံ(၃)ပုံ
  • ကိုယ်စားလှယ်လွှဲစာ ( ကိုယ်တိုင်ဆောင်ရွက်ကမလို )
  • လျှောက်ထားသူနှင့် ကိုယ်စားလှယ်တို့၏ မှတ်ပုံတင်မိတ္တူ
  • ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ဓာတ်ပုံမှတ်တမ်း
  • ပြည်တွင်းကုမ္ပဏီ၏ အရည်အသွေးပြည့်မီကြောင်း ကတိဝန်ခံချက်
  • Sample of Packing (မြေသြဇာ၏ ထုပ်ပိုးပစ္စည်း ပုံ/အိတ်ခွံ)
  • Sample of Fertilizer
  • ကုမ္ပဏီ/စက်မှုလက်မှုလုပ်ငန်း (သို့) SMEလုပ်ငန်း မှတ်ပုံတင်မိတ္တူ/ စည်ပင်လုပ်ငန်း လိုင်စင်
  • ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ သဘောထားမှတ်ချက်
  • တံဆိပ်မှတ်ပုံတင်မိတ္တူ

ထုတ်လုပ်မှတ်ပုံတင် လျှောက်ထားရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ

၁။ မြေဩဇာတင်သွင်းခွင့် မှတ်ပုံတင် လျှောက်ထားလိုသူများသည် ထုတ်လုပ်ခွင့်မှတ်ပုံတင် လျှောက်လွှာပုံစံ(၃)အားဖြည့်စွက်၍ လိုအပ်သော စာရွက်စာရွက်များနှင့်အတူ မြေအသုံးချ ရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်သို့ fertilizerlud@gmail. com သို့ ပေးပို့ လျှောက်ထားရပါမည်ဖြစ်ပါသည်။ (စိစစ်ချိန် ၁-၂ရက် ကြာပါမည်)

၂။ ပေးပို့သောစာရွက်စာတမ်းများ မှန်ကန်ပါက သက်ဆိုင်ရာကုမ္ပဏီမှ ဓာတ်ခွဲစစ်ဆေးရန် အတွက် မြေဩဇာနမူနာအား မြေအသုံးချရေးဓာတ်ခွဲခန်း၊ ရန်ကုန်သို့ ပေးပို့ရပါမည်။ (ဓာတ်ခွဲစစ်ဆေးချိန် ၁-၂ ပတ်ကြာပါမည်)

၃။ ကျသင့်သော ဓာတ်ခွဲစမ်းသပ်ခအား မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် စိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းအမှတ် MD-013167 သို့ ပေးသွင်းရပါမည်။

၄။ ဓာတ်ခွဲစစ်ဆေးပြီးပါက စမ်းသပ်တွေ့ရှိချက်များ၊ စာရွက်စာတမ်းများအား နည်းပညာ ကြိုတင်ညှိနှိုင်းအစည်းအဝေးနှင့် မြေဩဇာဆိုင်ရာ နည်းပညာကော်မတီမှ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များအား စိစစ်သုံးသပ်ပြီး မြေဩဇာကော်မတီသို့ ဆက်လက် တင်ပြပါမည်။

၅။ ဓာတ်ခွဲစစ်ဆေးပြီးပါကစမ်းသပ်တွေ့ရှိချက်များ၊ စာရွက်စာတမ်းများအား နည်းပညာ ကြိုတင်ညှိနှိုင်း အစည်းအဝေးနှင့် မြေဩဇာဆိုင်ရာနည်းပညာကော်မတီမှ နည်းပညာ ပိုင်းဆိုင်ရာ အချက်အလက်များအား စိစစ်သုံးသပ်ပြီး မြေဩဇာကော်မတီသို့ ဆက်လက် တင်ပြပါမည်။ ရွက်ဖျန်းမြေဩဇာများဖြစ်ပါက ဓာတ်ခွဲစမ်းသပ်ပြီးပါက သီးနှံတစ်ရာသီ စမ်းသပ်ကွက် ဆောင်ရွက်ပြီး စမ်းသပ်ကွက်အဖြေအား နည်းပညာကော်မတီသို့ ပူးတွဲတင်ပြရပါမည်။

၆။ တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ် စစ်ဆေးရေးအဖွဲ့၏ အမှန်တကယ်ထုတ်လုပ်မှု ရှိ မရှိ စစ်ဆေးခံရမည်။

၇။ နည်းပညာကော်မတီမှ စိစစ်တင်ပြလာသော မှတ်ပုံတင်လျှောက်ထားလာသော မြေဩဇာများအား မြေဩဇာကော်မတီမှ မြေဩဇာဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်ပြီး မှတ်ပုံတင်ခွင့်ပြုပါသည်။ မြေဩဇာနည်းပညာကော်မတီနှင့် မြေဩဇာကော်မတီအား မတ်လ၊ ဇွန်လ၊ စက်တင်ဘာလနှင့် ဒီဇင်ဘာလများတွင် ပုံမှန်ကျင်းပပြုလုပ်လေ့ရှိပါသည်။

၈။ မှတ်ပုံတင်လက်မှတ် ရရှိပြီးသော မြေဩဇာများအား စျေးကွက်တွင် ဖြန့်ဖြူးရောင်းချရန် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးထံတွင် ဖြန့်ဖြူးခွင့် လိုင်စင်လျှောက်ထား၍ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချခွင့်ရှိသည်။

 

မှတ်ပုံတင် သက်တမ်းတိုးရာတွင် လိုက်နာရမည့် အချက်များ

၁။ မြေသြဇာ မှတ်ပုံတင်လက်မှတ်၏ သက်တမ်းမှာ(၃)နှစ်ဖြစ်၍ လုပ်ငန်းဆက်လက် လုပ်ကိုင်လိုပါက သက်တမ်းမစေ့ရောက်မီ တစ်လကြိုတင်၍ သက်တမ်းတိုးလျှောက်ထားရမည်။ (ပုံစံ၁၈)

၂။ သက်ဆိုင်ရာကုမ္ပဏီမှ လုပ်ငန်းဆက်လက် လုပ်ကိုင်လိုခြင်းမရှိကြောင်း တင်ပြလာပါက မြေသြဇာကော်မတီမှ ပယ်ဖျက်ခွင့်ပြုသည်။

 

မှတ်ပုံတင်လက်မှတ်ရရှိရန်ကြာမြင့်ချိန်

၁။ ဓာတ်ခွဲစစ်ဆေးခြင်း – (၅-၇)ရက်

၂။ ရွက်ဖျန်းနှင့် ဇီဝမြေသြဇာများအတွက် စမ်းသပ်ကွက် ဆောင်ရွက်ခြင်း – သီးနှံတစ်ရာသီ

၃။ မှတ်ပုံတင်လျှောက်ထားခြင်း – (၁)ရက်

၄။ မှတ်ပုံတင်လက်မှတ်ရရှိခြင်း – (၃)လ တစ်ကြိမ်

 

ကုန်ကျစရိတ်

ဓာတ်ခွဲခ – မြေသြဇာတွင်ပါသော အာဟာရဓာတ်ပါဝင်မှု အရေအတွက် အလိုက် စစ်ဆေးရသည်။ (ဥပမာ၊ ၁၅-၁၅-၁၅ ကွန်ပေါင်းမြေသြဇာတွင် Moisture, Nitrogen, Phosphorous နှင့် Potassium (၄)မျိုး စစ်ဆေးသဖြင့် စုစုပေါင်း ကုန်ကျစရိတ်မှာ ၃၆၀၀၀ ကျပ် ဖြစ်သည်။)

မှတ်ပုံတင်ခ – ၆၀၀၀၀ ကျပ် (၃နှစ်သက်တမ်းအတွက်)

သက်တမ်းတိုးခ – ၆၀၀၀၀ ကျပ် (၃နှစ်သက်တမ်းအတွက်)

ဒဏ်ကြေး – သက်တမ်းတိုးစေ့ရောက်ပြီးမှ သက်တမ်းတိုးလျှောက်ထားပါက

  • ရက်ပေါင်း(၃၀)အတွင်း – ၁၀၀၀၀/-
  • ရက်ပေါင်း(၆၀)အတွင်း – ၂၀၀၀၀/-
  • ရက်ပေါင်း(၉၀)အတွင်း – ၃၀၀၀၀/-
  • ရက်ပေါင်း(၉၀)ကျော်က မြေသြဇာကော်မတီမှ ဖျက်သိမ်းမည်။
မြေသြဇာ တင်သွင်းခွင့်မှတ်ပုံတင်ရရှိရန် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်

မြေသြဇာတင်သွင်းခွင့် မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့်စာရွက်စာတမ်းများ

  • မှတ်ပုံတင်လျှောက်လွှာ ပုံစံ(၃)
  • လျှောက်ထားသူ၏ ဓာတ်ပုံ(၃)ပုံ
  • ကိုယ်စားလှယ်လွှဲစာ ( ကိုယ်တိုင်ဆောင်ရွက်ကမလို )
  • လျှောက်ထားသူနှင့် ကိုယ်စားလှယ်တို့၏ မှတ်ပုံတင်မိတ္တူ
  • ပြည်ပကုမ္ပဏီ၏ စံချိန်စံညွှန်းပြည့်မီကြောင်း အာမခံချက်
  • ပြည်တွင်းကုမ္ပဏီ၏ အရည်အသွေးပြည့်မီကြောင်း ကတိဝန်ခံချက်
  • Invoice, Sale Contract
  • Sample of Packing (မြေသြဇာ၏ ထုပ်ပိုးပစ္စည်း ပုံ/အိတ်ခွံ)
  • Sample of Fertilizer
  • ကုမ္ပဏီ/လုပ်ငန်း မှတ်ပုံတင်မိတ္တူ

တင်သွင်းခွင့်မှတ်ပုံတင် လျှောက်ထားရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ

၁။ မြေဩဇာတင်သွင်းခွင့်မှတ်ပုံတင် လျှောက်ထားလိုသူများသည် တင်သွင်းခွင့် မှတ်ပုံတင် လျှောက်လွှာပုံစံ(၃)အားဖြည့်စွက်၍ လိုအပ်သောစာရွက်စာရွက်များနှင့်အတူ မြေအသုံးချ ရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်သို့ fertilizerlud@gmail. com သို့ ပေးပို့ လျှောက်ထားရပါမည်ဖြစ်ပါသည်။ (စိစစ်ချိန် ၁-၂ရက် ကြာပါမည်)

၂။ ပေးပို့သော စာရွက်စာတမ်းများ မှန်ကန်ပါက သက်ဆိုင်ရာကုမ္ပဏီမှ ဓာတ်ခွဲစစ်ဆေးရန် အတွက် မြေဩဇာနမူနာအား မြေအသုံးချရေးဓာတ်ခွဲခန်း၊ ရန်ကုန်သို့ ပေးပို့ရပါမည်။ (ဓာတ်ခွဲစစ်ဆေးချိန် ၁-၂ ပတ်ကြာပါမည်)

၃။ ကျသင့်သော ဓာတ်ခွဲစမ်းသပ်ခအား မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် စိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းအမှတ်MD-013167 သို့ ပေးသွင်းရပါမည်။

၄။ ဓာတ်ခွဲစစ်ဆေးပြီးပါက စမ်းသပ်တွေ့ရှိချက်များ၊ စာရွက်စာတမ်းများအား နည်းပညာ ကြိုတင်ညှိနှိုင်းအစည်းအဝေးနှင့် မြေဩဇာဆိုင်ရာနည်းပညာကော်မတီမှ နည်းပညာ ပိုင်းဆိုင်ရာအချက်အလက်များအား စိစစ်သုံးသပ်ပြီး မြေဩဇာကော်မတီသို့ ဆက်လက် တင်ပြပါမည်။

‌၅။ ဓာတ်ခွဲစစ်ဆေးပြီးပါက စမ်းသပ်တွေ့ရှိချက်များ၊ စာရွက်စာတမ်းများအား နည်းပညာ ကြိုတင်ညှိနှိုင်းအစည်းအဝေးနှင့် မြေဩဇာဆိုင်ရာနည်းပညာကော်မတီမှ နည်းပညာ ပိုင်းဆိုင်ရာ အချက်အလက်များအား စိစစ်သုံးသပ်ပြီး မြေဩဇာကော်မတီသို့ ဆက်လက် တင်ပြပါမည်။ ရွက်ဖျန်းမြေဩဇာများဖြစ်ပါက ဓာတ်ခွဲစမ်းသပ်ပြီးပါက သီးနှံတစ်ရာသီ စမ်းသပ်ကွက် ဆောင်ရွက်ပြီး စမ်းသပ်ကွက်အဖြေအား နည်းပညာကော်မတီသို့ ပူးတွဲတင်ပြရပါမည်။

၆။ နည်းပညာကော်မတီမှ စိစစ်တင်ပြလာသော မှတ်ပုံတင်လျှောက်ထားလာသော မြေဩဇာများအား မြေဩဇာကော်မတီမှ မြေဩဇာဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး မှတ်ပုံတင်ခွင့်ပြုပါသည်။ မြေဩဇာနည်းပညာကော်မတီနှင့် မြေဩဇာကော်မတီအား မတ်လ၊ ဇွန်လ၊ စက်တင်ဘာလနှင့် ဒီဇင်ဘာလများတွင် ပုံမှန်ကျင်းပပြုလုပ်လေ့ရှိပါသည်။

၇။ မှတ်ပုံတင်လက်မှတ်ရရှိပြီးပါက သွင်းကုန်လိုင်စင်အတွက် တင်သွင်းခွင့် ထောက်ခံချက် လျှောက်ထားရမည်။

၈။ မှတ်ပုံတင်လက်မှတ်ရရှိပြီးသော မြေဩဇာများအား စျေးကွက်တွင် ဖြန့်ဖြူးရောင်းချရန် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးထံတွင် ဖြန့်ဖြူးခွင့်လိုင်စင်လျှောက် ထား၍ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချခွင့်ရှိသည်။

 

တင်သွင်းမြေသြဇာ မှတ်ပုံတင်သက်တမ်းတိုးရာတွင် လိုက်နာရမည့်အချက်များ

၁။ မြေသြဇာ မှတ်ပုံတင်လက်မှတ်၏ သက်တမ်းမှာ (၃)နှစ်ဖြစ်၍ သက်တမ်းမစေ့မီ တစ်လကြို တင်၍ သက်တမ်းတိုးလျှောက်ထားရမည်။ (ပုံစံ ၂၀)

၂။ သက်ဆိုင်ရာကုမ္ပဏီမှ လုပ်ငန်းဆက်လက် လုပ်ကိုင်လိုခြင်းမရှိကြောင်း တင်ပြလာပါက မြေသြဇာကော်မတီမှ ပယ်ဖျက်ခွင့်ပြုသည်။

 

မှတ်ပုံတင်လက်မှတ်ရရှိရန် ကြာမြင့်ချိန်
၁။ ဓာတ်ခွဲစစ်ဆေးခြင်း – (၅-၇)ရက်

၂။ ရွက်ဖျန်းနှင့် ဇီဝမြေသြဇာများအတွက် စမ်းသပ်ကွက် ဆောင်ရွက်ခြင်း – သီးနှံတစ်ရာသီ

၃။ မှတ်ပုံတင်နှင့် သိုလှောင်လိုင်စင် လျှောက်ထားခြင်း – (၁)ရက်

၄။ မှတ်ပုံတင်လက်မှတ်ရရှိခြင်း – (၃)လ တစ်ကြိမ်

 

ကုန်ကျစရိတ်

ဓာတ်ခွဲခ – မြေသြဇာတွင်ပါသော အာဟာရဓာတ်ပါဝင်မှု အရေအတွက် အလိုက် စစ်ဆေးရသည်။ (ဥပမာ၊ ယူရီးယား မြေသြဇာတွင် Nitrogen, Biuret နှင့် Moisture (၃)မျိုး စစ်ဆေးသဖြင့် စုစုပေါင်းကုန်ကျ စရိတ်မှာ ၂၆၀၀၀ ကျပ် ဖြစ်သည်။)

မှတ်ပုံတင်ခ – ၉၀၀၀၀ ကျပ် (၃နှစ်သက်တမ်းအတွက်)

သက်တမ်းတိုးခ – ၉၀၀၀၀ ကျပ် (၃နှစ်သက်တမ်းအတွက်)

ဒဏ်ကြေး – သက်တမ်းတိုးစေ့ရောက်ပြီးမှ သက်တမ်းတိုးလျှောက်ထား ပါက

  • ရက်ပေါင်း(၃၀)အတွင်း – ၁၀၀၀၀/-
  • ရက်ပေါင်း(၆၀)အတွင်း – ၂၀၀၀၀/-
  • ရက်ပေါင်း(၉၀)အတွင်း – ၃၀၀၀၀/-
  • ရက်ပေါင်း(၉၀)ကျော်က မြေသြဇာကော်မတီမှ ဖျက်သိမ်းမည်။

 

မြေသြဇာမှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ရာတွင် ဖြေလျော့သည့်အချက်များ

(၁) မြေသြဇာဆိုင်ရာ နည်းပညာကော်မတီနှင့် မြေသြဇာကော်မတီ အစည်း အဝေးများကို ယခင်က တစ်နှစ်လျှင် (၁-၂)ကြိမ်ထိသာ ကျင်းပနိုင်သော် လည်း ၂၀၁၇ ခုနှစ် မတ်လမှစတင်၍ သုံးလတစ်ကြိမ်အဖြစ် မတ်၊ ဇွန်၊ စက်တင်ဘာ၊ ဒီဇင်ဘာလများတွင် ပုံမှန်ကျင်းပလျှက်ရှိပါသည်။

(၂) မှတ်ပုံတင်လက်မှတ်ရရှိပြီး မြေသြဇာတင်သွင်းရန်အတွက် စီးပွားကူးသန်း ဝန်ကြီးဌာနသို့ သွင်းကုန်လိုင်စင် ထောက်ခံချက်ကို ယခင်က (၃) လ ထုတ်ပေးရာမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှစ၍ တစ်ဆက်တည်း (၆) လ သက်တမ်း ဆောင်ရွက်ပေးလျှက်ရှိပါသည်။ နေပြည်တော်နှင့် ရန်ကုန်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့တွင် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။

(၃) ရေကြောင်းမှ ဝင်ရောက်လာသော Straight Fertilizer ( Urea, T Super, MOP, SOP, Ammonium Sulphate) များအား မှတ်ပုံတင်လျှောက်ထားရာ ၌ ကနဦးဓာတ်ခွဲစစ်ဆေးခြင်းကို (၈.၆.၂၀၁၈)ရက်နေ့မှစ၍ ဖြေလျော့ပေး သည်။

(၄) ယခင်က မြေသြဇာမှတ်ပုံတင်လျှောက်ထားရာတွင် Specification တူညီ သော်လည်း Net Weight ကွဲလွဲပါက မှတ်ပုံတင်တစ်ခုစီ လျှောက်ထားရပြီး (၈.၆.၂၀၁၈)ရက်နေ့မှစ၍ Specification တစ်မျိုးတည်းဖြစ်ပါက မှတ်ပုံတင်လက်မှတ်တစ်ခုလျှင် Net Weight (၅)မျိုးအထိ လျှောက်ထားနိုင် ရန်ကိုလည်း ဖြေလျော့ပေးသည်။

မြေသြဇာ သိုလှောင်လိုင်စင် ရရှိရန် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်

မြေသြဇာသိုလှောင်လိုင်စင်လျှောက်ထားရာတွင်  လိုအပ်သည့်စာရွက်စာတမ်းများ

 

  • မြေဩဇာသိုလှောင်လိုင်စင်လျှောက်ထားခြင်းလျှောက်လွှာ ပုံစံ(၁၃)
  • မြေဩဇာလုပ်ငန်းလုပ်ကိုင်သူ ကုမ္ပဏီ(သို့မဟုတ်)ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဦးမှလျှောက် ထားရန်
  • လျှောက်ထားသူ၏ ဓာတ်ပုံ(၃)ပုံ
  • ကိုယ်စားလှယ်လွှဲစာ ( ကိုယ်တိုင်ဆောင်ရွက်ကမလို )
  • လျှောက်ထားသူနှင့် ကိုယ်စားလှယ်တို့၏ မှတ်ပုံတင်မိတ္တူ
  • စည်ပင်သာယာကော်မတီ၏ လုပ်ငန်းလိုင်စင်မိတ္တူ
  • ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သဘောထားမှတ်ချက် ထောက်ခံစာ
  • ကုမ္ပဏီ/လုပ်ငန်း မှတ်ပုံတင်မိတ္တူ၊ ဒါရိုက်တာစာရင်းမိတ္တူ
  • မြေဩဇာသိုလှောင်သည့် အဆောက်အဉီဓာတ်ပုံ

မြေဩဇာသိုလှောင်လိုင်စင် လျှောက်ထားရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ

 

၁။ မြေဩဇာသိုလှောင်လိုင်စင် လျှောက်ထားလိုသူများသည် မြေဩဇာသိုလှောင်လိုင်စင် လျှောက်ထားခြင်း လျှောက်လွှာပုံစံ (၁၃)အား ဖြည့်စွက်၍ လိုအပ်သော စာရွက်စာရွက်များ နှင့်အတူ မြေအသုံးချရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်သို့ fertilizerlud@gmail.com သို့ ပေးပို့ လျှောက်ထားရပါမည် ဖြစ်ပါသည်။ (စိစစ်ချိန် ၁-၂ရက် ကြာပါမည်)

၂။ ပေးပို့သော စာရွက်စာတမ်းများ မှန်ကန်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် စစ်ဆေးရေးမှူးများမှ မြေဩဇာသိုလှောင်ရုံများသို့ သွားရောက်စစ်ဆေးပါသည်။

၃။ စစ်ဆေးတွေ့ရှိချက်များအား နည်းပညာကော်မတီ ကော်မတီတွင် စိစစ်ပြီး ညွှန်ကြားရေးမှူးချုပ် ၏ ခွင့်ပြုချက်ရယူသည်။

၄။ ညွှန်ကြားရေးမှူးချုပ်မှ ခွင့်ပြုသော သိုလှောင်လိုင်စင်များအတွက် မြန်မာ့စီးပွားရေး ဘဏ်ခွဲ ငွေစာရင်းအမှတ် MD 013167 သို့ လိုင်စင်ပေးသွင်းပြီးလျှင် သိုလှောင်လိုင်စင် များ ထုတ်ပေးသည်။

မြေဩဇာသိုလှောင်လိုင်စင် သက်တမ်းတိုးရာတွင် လိုက်နာရမည့်အချက်များ

 

၁။ မြေသြဇာ သိုလှောင်လိုင်စင်၏ သက်တမ်းမှာ (၂)နှစ်ဖြစ်၍ သက်တမ်းမစေ့မီ တစ်လကြို တင်၍ သက်တမ်းတိုးလျှောက်ထားရမည်။

၂။ သက်ဆိုင်ရာကုမ္ပဏီမှ လုပ်ငန်းဆက်လက် လုပ်ကိုင်လိုခြင်းမရှိကြောင်း တင်ပြလာပါက ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပယ်ဖျက်ခွင့်ပြုသည်။

ကုန်ကျစရိတ်

သိုလှောင်လိုင်စင် ကြေး/သက်တမ်း တိုးကြေး

– ၁၀၀,၀၀၀ကျပ် (သိုလှောင်ရုံသည် ၁၆၀၀ sq ft ထက်ငယ် ပါက) (၃နှစ်သက်တမ်းအတွက်)
– ၃၀၀,၀၀၀ကျပ် (သိုလှောင်ရုံသည် ၁၆၀၀ sq ft ထက်ကြီး ပါက) (၃နှစ်သက်တမ်းအတွက်)

 

ဒဏ်ကြေး –

သက်တမ်းတိုးစေ့ရောက်ပြီးမှသက်တမ်းတိုးလျှောက်ထားပါက

ရက်ပေါင်း(၃၀)အတွင်း – ၁၀၀၀၀/-
ရက်ပေါင်း(၆၀)အတွင်း – ၂၀၀၀၀/-
ရက်ပေါင်း(၉၀)အတွင်း – ၃၀၀၀၀/-
ရက်ပေါင်း(၉၀)ကျော်က ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာမှ ဖျက်သိမ်းမည်။

မြေသြဇာ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ရရှိရန် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်

မြေသြဇာ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်လျှောက်ထားရာတွင်  လိုအပ်သည့် စာရွက်စာတမ်းများ

  • မြေဩဇာဖြန့်ဖြူးရောင်းချခွင့်လိုင်စင်လျှောက်ထားခြင်းလျှောက်လွှာ ပုံစံ(၁၅)
  • လျှောက်ထားသူ၏ ဓာတ်ပုံ(၃)ပုံ
  • ကိုယ်စားလှယ်လွှဲစာ ( ကိုယ်တိုင်ဆောင်ရွက်ကမလို )
  • လျှောက်ထားသူနှင့် ကိုယ်စားလှယ်တို့၏ မှတ်ပုံတင်မိတ္တူ
  • စည်ပင်သာယာကော်မတီ၏ လုပ်ငန်းလိုင်စင်မိတ္တူ
  • ရောင်းချမည့် မြေဩဇာများ၏ တင်သွင်း/ထုတ်လုပ်မှတ်ပုံတင်လက်မှတ် မိတ္တူ

မြေဩဇာဖြန့်ဖြူးရောင်းချခွင့် လိုင်စင် လျှောက်ထားရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ

 

၁။ မြေဩဇာသိုလှောင်လိုင်စင် လျှောက်ထားလိုသူများသည် မြေဩဇာသိုလှောင် လိုင်စင် လျှောက်ထားခြင်း လျှောက်လွှာပုံစံ (၁၅)အား ဖြည့်စွက်၍ လိုအပ်သော စာရွက်စာရွက် များနှင့်အတူ မြေအသုံးချရေးတာဝန်ခံ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန သို့ ပေးပို့လျှောက်ထားရပါမည် ဖြစ်ပါသည်။ (စိစစ်ချိန် ၁-၂ရက် ကြာပါမည်)

၂။ ပေးပို့သောစာရွက်စာတမ်းများ မှန်ကန်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးမှ စိစစ်၍ မြေဩဇာဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ထုတ်ပေးသည်။ (ကြာချိန်- ၁၅ရက်အတွင်း)

၃။ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးမှခွင့်ပြုသော ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်များအတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် လိုင်စင်ကြေး ပေးသွင်း၍ ချလံမူရင်းအား တင်ပြရမည်။

 

မှတ်ချက်။

(၁) မြေဩဇာကို တစ်နှစ်အတွင်း Urea, T Super, Potash, Compound စသည့် Solid Fertilizer များအတွက် (၅)တန်နှင့်အထက်၊ ရွက်ဖျန်းမြေဩဇာအရည် (Foliar Fertilizer Liquid) များအတွက် ၂၀၀ လီတာနှင့် အထက်၊ ရွက်ဖျန်းမြေဩဇာအမှုတ့် (Foliar Fertilizer Powder) များအတွက် ၄၀၀ ကီလိုဂရမ်နှင့်အထက် ရောင်းချခြင်း အတွက် မြေဩဇာဖြန့်ဖြူး ရောင်းချခွင့်လိုင်စင် လျှောက်ထားရမည်။

(၂) ပိုင်ရှင်တစ်ဦးတည်းက ဆိုင်နာမည် တစ်မျိုးတည်းဖြင့် တည်နေရာခွဲ၍ ရောင်းချပါက တည်နေရာအလိုက် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ထပ်မံ ပြုလုပ်ရမည်။

 

မြေဩဇာဖြန့်ဖြူးရောင်းချခွင့်လိုင်စင် သက်တမ်းတိုးရာတွင် လိုက်နာရမည့်အချက်များ

၁။ မြေသြဇာ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်၏ သက်တမ်းမှာ (၂)နှစ်ဖြစ်၍ သက်တမ်းမစေ့မီ တစ်လကြိုတင်၍ မူလလိုင်စင်အား ပြန်လည်အပ်နှံပြီး သက်တမ်းတိုး လျှောက်ထား ရမည်။

၂။ သက်ဆိုင်ရာလိုင်စင်ရရှိသူမှ ဖြန့်ဖြူးရောင်းချမှု လုပ်ကိုင်လိုခြင်းမရှိကြောင်း တင်ပြလာ ပါက တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးမှ ပယ်ဖျက်ခွင့်ပြုသည်။

 

ကုန်ကျစရိတ်

ဖြန့်ဖြူးလိုင်စင် ကြေး/သက်တမ်း တိုးကြေး – ၅၀၀၀၀ ကျပ် (၂နှစ်သက်တမ်းအတွက်)

ဒဏ်ကြေး –

သက်တမ်းတိုးစေ့ ရောက်ပြီးမှ သက်တမ်းတိုး လျှောက်ထားပါက

ရက်ပေါင်း(၃၀)အတွင်း – ၁၀၀၀၀/-
ရက်ပေါင်း(၆၀)အတွင်း – ၂၀၀၀၀/-
ရက်ပေါင်း(၉၀)အတွင်း – ၃၀၀၀၀/-
ရက်ပေါင်း(၉၀)ကျော်က တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးမှ ဖျက်သိမ်းမည်။