မြေအသုံးချရေးဌာနခွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော ဌာနအကြီးအကဲများ

ဦးဘသန်း
(ဒုတိယအထွေထွေမန်နေဂျာ)
၁၉၇၅ မှ ၁၉၇၈ ထိ
ဦးလှအေး
(ဒုတိယအထွေထွေမန်နေဂျာ)
၁၉၇၈ မှ ၁၉၈၅ ထိ
ဦးသာထွန်းဦး
(ဒုတိယအထွေထွေမန်နေဂျာ)
၁၉၈၅ မှ ၁၉၉၄ ထိ
ဒေါက်တာဝင်းတင်
(ဒုတိယအထွေထွေမန်နေဂျာ)
၁၉၉၄ မှ ၁၉၉၅ ထိ
ဒေါက်တာညီညီ
(အထွေထွေမန်နေဂျာ)
၁၉၉၅ မှ ၂၀၀၅ နှစ်ကုန်ထိ
ဦးသန်း‌အေး
(အထွေထွေမန်နေဂျာ)
၂၀၀၅ နှစ်ကုန် မှ ၂၀၀၆ ဇွန်လထိ
ဦးကျော်ရီ
(အထွေထွေမန်နေဂျာ)
၂၀၀၆ မှ ၂၀၁၁ ထိ
ဦးအေးထွန်း
(အထွေထွေမန်နေဂျာ)
၂၀၁၁ မှ ၂၀၁၂ ထိ
ဒေါက်တာရဲတင့်ထွန်း
(ညွှန်ကြားရေးမှူး)
၂၀၁၂ မှ ၂၀၁၃ ထိ
ဒေါက်တာကြည်မြင့်
(ညွှန်ကြားရေးမှူး)
၂၀၁၃ မှ ၂၀၁၄ ထိ
ဦးစိုးဝင်း
(ညွှန်ကြားရေးမှူး)
၂၀၁၄ မှ ၂၀၁၇ ထိ
ဒေါ်သူဇာမြင့်
(ညွှန်ကြားရေးမှူး)
၂၀၁၇ မှ ၂၀၂၁ ထိ
ဦးမျိုး‌ဇော်
(ညွှန်ကြားရေးမှူး)
၂၀၂၁ မှ ၂၀၂၂ ထိ
ဦးဝင်းဦး
(ညွှန်ကြားရေးမှူး)
၂၀၂၂ မှ ယနေ့ထိ
  • မြေအသုံးချရေးဌာနခွဲအကြောင်း

    ၁၉၅၅-၅၆ မြန်မာနိုင်ငံ မြေနှင့်စိုက်ပျိုးရေးစီမံကိန်း ကော်မရှင် (Land and Agriculture Planning Commission) ၏ထောက်ခံချက် အရ မြေယာသယံဇာတများကို သိပ္ပံနည်းကျ အမျိုးအစားခွဲခြားရန်နှင့် စနစ်တကျ စိုက်ပျိုးအသုံးချနိုင်ရန်အတွက် မြေအသုံးချရေးဌာန Land Use Bureau ကို ၁၉၅၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။

    ‌မြေအသုံးချရေးဌာနခွဲ ဖြစ်ပေါ်လာပုံ

    ၁၉၅၅-၅၆ ခုနှစ်၊ မြန်မာနိုင်ငံတွင် အဓိကသီးနှံဖြစ်သည့် စပါးကိုသာမက နိုင်ငံခြား ဝင်ငွေရရှိနိုင်မည့် သီးနှံအမျိုးမျိုး တိုးချဲ့စိုက်ပျိုးနိုင်ပါက တောင်သူလယ်သမားများ အတွက်၊ နိုင်ငံအတွက် စီးပွားရေးအခြေအနေတိုးတက်ကောင်းမွန်လာနိုင်မည် ဖြစ်သဖြင့် လိုအပ်သည့် စီမံကိန်း ရေးဆွဲရန်အတွက် စိုက်ပျိုးရေး စီမံကိန်းကော်မရှင် ဟူ၍ ဖွဲ့စည်းခဲ့ပါသည်။

    ထိုကော်မရှင်၏ ထောက်ခံချက်ဖြင့် မြေဆီမြေနှစ် စမ်းသပ်စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ၁၉၅၇ ခုနှစ်၊ ဇန်နဝါရီလတွင် ကြေးတိုင်နှင့်မြေစာရင်း မင်းကြီး လက်အောက်၌ မြေအသုံးချရေးဌာန ဟူ၍ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ဆိုဗီယက် ပညာရှင်များနှင့် ပူးပေါင်း၍ မြေဆီလွှာ စမ်းသပ်စစ်ဆေးရေး လုပ်ငန်းကို ခရိုင်၊ မြို့နယ်အလိုက် ဆောင်ရွက်ခဲ့ကြသည်။ ၁၉၆၉ ခုနှစ်တွင် မြေအမျိုးအစားသတ်မှတ်ရေး စာအုပ်အား မြေအသုံးချရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးဝန် ဦးတင်မောင်ကြည်မှ ရေးသားပြုစုပြီး ကြေးတိုင်နှင့် မြေစာရင်း လက်အောက်ရှိ မြေတိုင်းစာရေးကြီးများနှင့် ကွင်းဆင်းဆောင်ရွက် ခဲ့ကြ ပါသည်။

    ၁၉၇၀ ခုနှစ်တွင် မြေအသုံးချရေးဌာနအား ပြန်လည်ဖွဲ့စည်းပြီး လယ်-စိုက်- ရှင်း လက်အောက်ရှိ ဌာနခွဲကြီး (၉) ခုတွင် တစ်ခုပါဝင်ပေါင်းစည်းခဲ့ပါသည်။ ၁၉၅၉ ခုနှစ် ကတည်းက မြေအမျိုးအစား သတ်မှတ်ခြင်းကို ၁၉၈၆ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့ တွင် ကျယ်ကျယ်ပြန့်ပြန့် စနစ်တခုချမှတ်ပြီး ဒုတိယအထွေထွေ မန်နေဂျာ ဦးလှအေး မှ ပထမဦးဆုံး စိုက်ပျိုးရေး ဒီပလိုမာဝန်ထမ်းများနှင့် မြေတိုင်းစာရေးကြီးများအား သင်တန်းပို့ချ လုပ်ကိုင်ဆောင်ရွက် ကြသည်။

    မျှော်မှန်းချက်

    မြေအသုံးချရေးဌာနခွဲအနေဖြင့် ဒေသအမျိုးမျိုးရှိ မြေအရင်းမြစ်များပေါ်မူတည်၍ ရေမြေဒေသအလိုက် သင့်တော်သော မြေယာအသုံးချမှုနှင့် သီးနှံအသုံးချမှု အစီ အစဉ် များရေးဆွဲ ဆောင်ရွက်ခြင်းဖြင့် မြေဆီလွှာအာဟာရဓာတ် ကောင်းမွန် ထက်သန်စေ၍ သီးနှံအထွက်နှုန်း တိုးတက်ရရှိစေသည့်အပြင်၊ မြေဆီလွှာပျက်စီးဆုံးရှုံးမှုနှင့် ပတ်ဝန်းကျင် ကို ထိခိုက်မှု လျော့နည်းစေပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို ဖော်ဆောင်သွား ရန်ဖြစ်သည်။

    လုပ်ငန်းတာဝန်များ

    • ၁။ ဒေသရေမြေအလိုက် မြေအရင်းမြစ်များပေါ်မူတည်၍ မြေယာအသုံးချမှု နှင့်သီးနှံ အသုံးချမှုအစီအစဉ်များ ရေးဆွဲဖော်ထုတ်ခြင်းဖြင့် သင့်တော်သော သီးနှံအလိုက် စိုက်ပျိုး နိုင် သည့်ဇုန်များ ထွက်ပေါ်လာစေရေး ဆောင်ရွက်ပေးခြင်း။
    • ၂။ တောင်သူများ စိုက်ပျိုးရေးသွင်းအားစုဖြစ်သည့် မြေဩဇာများကို သုံးစွဲရာ၌ အရည် အသွေး နှင့် စံချိန်စံညွှန်းပြည့်မီရေးအတွက် မြေဩဇာကော်မတီမှ မူဝါဒများ ချမှတ်ခြင်း နှင့် ကြီးကြပ်ခြင်းလုပ်ငန်းများတွင် ပံ့ပိုးဆောင်ရွက်ခြင်း၊ ဒေသအလိုက် စစ်ဆေးရေး လုပ်ငန်း များ တွင်စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးခြင်း။
    • ၃။ သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ ကျင့်သုံးရာ၌ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး အတွက် မြေဆီ လွှာ နှင့်ရေ အရည်အသွေးများ ဓာတ်ခွဲစစ်ဆေး သတ်မှတ်ချက် များထုတ်ပြန်ပေး ခြင်း
    • ၄။ မြေဆီလွှာနှင့်ရေ တိုက်စားမှုများကြောင့် မြေဆီလွှာပျက်စီးပြုန်းတီးမှုမှ ကာကွယ် တားဆီး၍ စနစ်တကျထိန်းသိမ်း ဆောင်ရွက်ခြင်းဖြင့် ဒေသအလိုက် ရာသီဉတုနှင့် လိုက်လျောညီထွေဖြစ်စေသည့် နည်းစနစ်များကျင့်သုံးခြင်း
    • ၅။မြေဆီလွှာ ထိန်းသိမ်းမှု နည်းပညာများ တိုးတက်ပြန့်ပွားစေရေးရန်ဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို လျော့နည်း စေခြင်း။
    • ၆။ မြေဩဇာနှင့် အဟာရဓါတ်စီမံခန့်ခွဲမှုဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခြင်း ဖြင့် မြေဩဇာအကျိုးရှိစွာအသုံးပြုနိုင်ခြင်းနှင့် လေလွင့်မှုကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု များလျော့နည်းစေခြင်း

    ရည်ရွယ်ချက်

    • ၁။ ဒေသအလိုက် မြေသယံဇာတ အရင်းအမြစ်များ ဖော်ထုတ်၍ ရာသီဉတုနှင့် သင့်တော် သည့် သီးနှံများ ရွေးချယ်စိုက်ပျိုးနိုင်စေရန်။
    • ၂။ မြေဆီလွှာနှင့် ရေသယံဇာတများ ပျက်ဆီးပြုန်းတီးမှုမရှိစေပဲ ရေရှည် စိုက်ပျိုးထုတ်လုပ် နိုင်စေရန်။
    • ၃။ စိုက်ပျိုးထုတ်လုပ်မှုအတွက် အဟန့်အတားဖြစ်စေသော မြေဆီလွှာပြဿနာများကို ဖြေရှင်းဆောင်ရွက်ရန်။
    • ၄။ မြေဆီလွှာနှင့် မြေဩဇာသုတေသနများ ဆောင်ရွက်ခြင်းဖြင့် သီးနှံပင်အမျိုးအစား အလိုက် လိုအပ်သော အဟာရများကို သိရှိပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန်။
    • ၅။ တောင်သူများ အရည်အသွေးနှင့် စံချိန်စံညွှန်းကိုက်ညီသော မြေဩဇာများကို သင့်တင့် သောဈေးနှုန်းနှင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် မြေဩဇာဉပဒေနှင့်အညီ ဆောင်ရွက်ရန်။
    • ၆။ ဓါတ်ခွဲစစ်ဆေးခြင်းဖြင့် မြေဩဇာထုတ်လုပ်သည့် စက်ရုံနှင့်ဈေးကွက်များတွင် မြေဩ ဇာများ စံချိန်စံညွှန်းပြည့်မီရေးအတွက် ဆောင်ရွက်ရန်။
    • ၇။ မြေဆီလွှာနည်းပညာပြန့်ပွားအောင် ဆောင်ရွက်ခြင်းဖြင့် တောင်သူများ အသိပညာ တိုးပွားစေရန်။

     

    မြေအသုံးချရေးဌာနခွဲ၏ ဖွဲ့စည်းပုံ