မြေဆီလွှာ တိုင်းတာစစ်ဆေးရေးနှင့် မြေပုံရေးဆွဲ ဖော်ထုတ်ရေးဌာနစိတ် (Landuse Survey and Mapping Section)

(၁) မြေဆီလွှာ ကွင်းဆင်းတိုင်းတာခြင်း (Soil Survey)
(၂) မြေဆီလွှာ ရူပ/ဇလတိုင်းတာခြင်း (Soil Physic)
(၃) မြေပုံရေးဆွဲခြင်းလုပ်ငန်း (Mapping)
(၄) ပထဝီသတင်းအချက်အလက် (Geographic Information System) ဖြင့်မြေဆီလွှာအသုံးပြုမှုဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခြင်း

မြေဆီလွှာတိုင်းတာစစ်ဆေးရေးနှင့် မြေပုံရေးဆွဲ ဖော်ထုတ်ရေးဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်မှုများ

မြေဆီလွှာတိုင်းတာစစ်ဆေးရေးများကို ရုရှားမြေဆီလွှာ သိပ္ပံပညာရှင်များ လုပ်ကိုင် ဆောင်ရွက်သည့် နည်းစနစ်များနှင့် (F.A.O/UNESCO) မြေဆီလွှာတိုင်းတာသော နည်းစနစ်များ အသုံးပြုပြီး Soil Profile ကျင်းများတူး၍ မြေဆီလွှာ၏ ရူပလက္ခဏာ (Physical Properties) အချက်များ ဖြစ်သော Colour, Texture, Structure, Inclusion, New Formation, Hard Pan, Plant Cover စသည်များကို အသေးစိတ် မှတ်တမ်းတင်ခြင်း၊ မြေနမူနာများယူခြင်း၊ ကိုယ်စားပြုမြေများကို ဓါတ်ခွဲတိုင်းတာခြင်းနှင့် ရေစမ်းသပ်ကျင်းများ တူး၍ ရေဝင်နှုန်း၊ ရေစိမ့်နှုန်း (Infiltration Rate)၊ Bulk Density၊ Porosity and Moisture Content of Soils (Field Moisture) စသော Soil Water Physical လုပ်ငန်းများ လုပ်ကိုင်ခြင်း စသည်တို့ဖြင့် မြေအမျိုးအစား သတ်မှတ်၍ မြေအမျိုးအစားပြမြေပုံ ရေးဆွဲဖော်ထုတ်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ပါသည်။

 

 မြေဆီလွှာ နမူနာကျင်းဆောင်ရွက်ခြင်း (Soil Profile)

မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိများ စစ်ဆေးခြင်း (Testing of Soil Physical Properties)

မြေနမူနာယူခြင်း (Soil Sampling)

မြေဆီလွှာ သိပ်သည်းဆတိုင်းတာခြင်း (Bulk density)

မြေဆီလွှာ ရေစိမ့်နှုန်းတိုင်းတာခြင်း (Infiltration rate)

မြန်မာနိုင်ငံမြေမျိုးကြီးများမြေပုံ (Soil Map of Myanmar)


ပြည်နယ် (State)

တိုင်းဒေသကြီး (Regions)