စိုက်ပျိုးရေးဦးစီးဌာနအကြောင်း
စိုက်ပျိုးရေးဦးစီးဌာန၏ သမိုင်းအကျဉ်း
စိုက်ပျိုးရေးဦးစီးဌာန၏သမိုင်း
- ၁။ စိုက်ပျိုးရေးဦးစီးဌာနသည် ၁၉၀၁ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးဌာနခွဲအဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် မြေယာကျေးလက် ကြီးပွားရေးတိုးတက်ရေး ကော်ပိုရေးရှင်းကို ဖွဲ့စည်း၍ စီးပွားရေးဆန်သော စိုက်ပျိုးရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။
၁၉၅၇ခုနှစ်တွင် လယ်ယာမြေ အမျိုးအစားခွဲခြား၍ မြေဆီလွှာထိန်းသိမ်းရေး၊ မြေဆီလွှာတိုင်းတာရေးနှင့် သင့်လျှော်သော သီးနှံ ပုံစံ များ ချမှတ်ဆောင်ရွက်ရန် မြေအသုံးချရေးဌာနကို သီးခြားထပ်မံဖွဲ့စည်းခဲ့ပါသည်။ ၂/၁၉၇၂ ခုနှစ်တွင်(၁) လယ်ယာစိုက်ပျိုးရေးဌာနခွဲ(၂) မြေအသုံးချရေးဌာနခွဲ (၃) မြေယာကျေးလက်ကြီးပွား တိုးတက်ရေး ကော်ပိုရေးရှင်းကို ပူးပေါင်း၍ လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်းဟူ၍ လယ်ယာ နှင့် သစ်တောဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့ပါသည်။
လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း (Agriculture Corporation) ကို ၁၉၉၀ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ( Myanmar Agriculture Service) အဖြစ် အရာထမ်း(၈၇၈)နေရာ၊ အမှုထမ်း(၁၇၅၇၈)နေရာ၊ စုစုပေါင်း (၁၈၄၅၆) နေရာဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ - ၂။ ၁၉၉၀ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ နှစ်ရှည်သီးနှံဌာနခွဲနှင့် မြန်မာ့စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတို့ ပူးပေါင်းခဲ့ပါသည်။
- ၃။ ၁၉၉၄ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ မြန်မာ့ကြံလုပ်ငန်း၊ မြန်မာ့ဝါနှင့်ပိုးချည်လုပ်ငန်း၊ မြန်မာ့ ဂုန်လျှော်ပစ္စည်းလုပ်ငန်းများအဖြစ် သီးခြားဖွဲ့စည်းခဲ့ပါသည်။
- ၄။ ၂၀၀၄ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ စိုက်ပျိုးရေးသုတေသနဌာနခွဲအား စိုက်ပျိုးရေး သုတေသနဦးစီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့ပြီး အရာထမ်း(၇၈၈)နေရာ၊ အမှုထမ်း(၁၆၇၇၇) နေရာ၊ စုစုပေါင်း(၁၇၅၆၅)နေရာဖြင့် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအဖြစ် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပါသည်။
- ၅။ ၂၀၀၆ ခုနှစ်တွင် မြန်မာ့ဂုန်လျှော်ပစ္စည်းလုပ်ငန်း၊ မြန်မာ့ဝါနှင့်ပိုးချည်လုပ်ငန်း၊ မြန်မာ့ကြံလုပ်ငန်း၊ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းနှင့် မြန်မာ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်း(၅)ခုတို့ကို ပေါင်းစပ်၍ မြန်မာ့ စက်မှုသီးနှံဖွံ့ဖြိုးရေးလုပ်ငန်းကို အရာထမ်း(၈၈၅)နေရာ၊ အမှုထမ်း(၁၀၈၇၇)နေရာ၊ စုစုပေါင်း (၁၁၇၆၂) နေရာဖြင့် ဖွဲ့စည်းခဲ့ပါသည်။
- ၆။ ၂၀၁၂ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းကို စိုက်ပျိုးရေးဦးစီးဌာနအဖြစ် အရာထမ်း(၉၈၉) နေရာ၊ အမှုထမ်း(၁၅၄၂၇)နေရာ၊ စုစုပေါင်း(၁၆၄၁၆)နေရာဖြင့် လည်းကောင်း၊ မြန်မာ့စက်မှုသီးနှံ ဖွံ့ဖြိုးရေးလုပ်ငန်းကို စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနအဖြစ် အရာထမ်း(၇၁၁)နေရာ၊ အမှုထမ်း (၈၁၅၈) နေရာ၊ စုစုပေါင်း(၈၈၆၉)နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
- ၇။ ၂၀၁၃ ခုနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာန ဖွဲ့စည်းပုံ၌ အရာထမ်း (၁၂၀)နေရာ၊ အမှုထမ်း (၁၁၅၀) နေရာ၊ စုစုပေါင်း (၁၂၇၀) နေရာနှင့် စိုက်ပျိုးရေးသိပ္ပံ (၁၀)ကျောင်းအား စိုက်ပျိုးရေးဦးစီးဌာနသို့ လွှဲပြောင်းလက်ခံရရှိခဲ့ပြီး အရာထမ်း(၁၁၁၈)နေရာ၊ အမှုထမ်း(၁၆၅၉၅)နေရာ၊ စုစုပေါင်း(၁၇၇၁၃)နေရာ ဖြစ်ပေါ်လာပါသည်။
- ၈။ ၂၀၁၅ ခုနှစ်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုသီးနှံ ဖွံ့ဖြိုးရေးဦးစီးဌာန(၂)ခု ပေါင်းစည်း၍ “စိုက်ပျိုး ရေးဦးစီးဌာန”အဖြစ် အရာထမ်း(၁၉၀၁)နေရာ၊ အမှုထမ်း(၂၂၀၉၉)နေရာ၊ စုစုပေါင်း (၂၄၀၀၀) နေရာ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
- ၉။ ၂၀၁၇ ခုနှစ်၊ မတ်လ(၂၃)ရက်နေ့တွင် ကန့်ဘလူ(ခ)အဆင့် ခရိုင်အား ဖွဲ့စည်းပုံရရှိပါသဖြင့် စိုက်ပျိုး ရေးဦးစီးဌာနတွင် အရာထမ်းရာထူး (၁၉၀၆)နေရာ၊ အမှုထမ်းရာထူး(၂၂၁၂၆)နေရာ၊ စုစုပေါင်း (၂၄၀၃၂) နေရာဖြင့် ဖွဲ့စည်းပုံ ထားရှိပါသည်။
Department Structure
DoA
Technology Transferred Divisions
- ၁။ စိုက်ပျိုးပညာပေးရေးဌာနခွဲ
- ၂။ စပါးသီးနှံဌာနခွဲ
- ၃။ မျိုးစေ့ဌာနခွဲ
- ၄။ မြေအသုံးချရေးဌာနခွဲ
- ၅။ သီးနှံကာကွယ်ရေးဌာနခွဲ
- ၆။ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ
- ၇။ ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲ
- ၈။ ကော်ဖီ၊ ရာသီသီးနှံဌာနခွဲ
- ၉။ နှစ်ရှည်သီးနှံဌာနခွဲ
- ၁၀။ သကြားထွက်သီးနှံဌာနခွဲ
- ၁၁။ ဝန်ထမ်းသင်တန်းကျောင်းနှင့် စိုက်သိပ္ပံဌာနခွဲ
Supporting Divisions
- ၁။ စီမံကိန်းရေးဆွဲစိစစ်သုံးသပ်ရေးဌာနခွဲ
- ၂။ မူဝါဒ၊ စည်းမျဉ်းနှင့် ဝန်ထမ်းရေးရာဌာနခွဲ
- ၃။ ထောက်ပံ့ဖြည့်တင်းရေးဌာနခွဲ
- ၄။ ငွေစာရင်းဌာနခွဲ