မြေဩဇာဥပဒေနှင့် မှတ်ပုံတင်ဌာနစိတ် (Fertilizer Law and Registration Section)

(၁) တောင်သူများ အရည်အသွေးပြည့်မီသည့် မြေဩဇာများသုံးစွဲနိုင်ရန် မှတ်ပုံတင်လျှောက် ထားလာသောမြေဩဇာများကို မြေဩဇာဆိုင်ရာ နည်းပညာကော်မတီက စိစစ်ထောက်ခံ နိုင်ရန် အစည်းအဝေးများပြုလုပ်နိုင်ရေး အထောက်အကူပြုဆောင်ရွက်ခြင်း။

(၂) နည်းပညာကော်မတီမှ စိစစ်ထောက်ခံတင်ပြသော မြေဩဇာများကို မှတ်ပုံတင်လက်မှတ် ခွင့်ပြုပေးနိုင်ရန်နှင့် မြေဩဇာလုပ်ငန်းများကို ဆွေးနွေးဆုံးဖြတ်နိုင်ရန် မြေဩဇာကော်မတီ အစည်းအဝေးများ ပြုလုပ်နိုင်ရေး အထောက်အကူပြု ဆောင်ရွက်ခြင်း။

(၃) မြေဩဇာကော်မတီနှင့် မြေဩဇာဆိုင်ရာ နည်းပညာကော်မတီတို့က ခွင့်ပြုသောမြေဩဇာ များကို မှတ်ပုံတင်လက်မှတ်နှင့် လိုင်စင်များထုတ်ပေးခြင်း။

(၄) မြေဩဇာတင်သွင်း၊ တင်ပို့၊ ထုတ်လုပ်ရောင်းဝယ်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းများကို အခြားဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

(၅) မြေဩဇာဉပဒေပုဒ်မ (၄၄) အရ မြေဩဇာများကို ပြည်တွင်းသို့ တင်သွင်းရန်ဖြစ်စေ၊ ပြည်ပသို့ တင်ပို့ရန်ဖြစ်စေ ပါမစ် (သို့) လိုင်စင်ထုတ်ပေးခွင့်ရှိသော အစိုးရဌာနအဖွဲ့ အစည်းများသို့ စိုက်ပျိုးရေးလုပ်ငန်းသုံး မြေဩဇာ ထောက်ခံချက်ထုတ်ပေးခြင်း။

(၆) မြေဩဇာမှတ်ပုံတင် သက်တမ်းတိုးနှင့် လိုင်စင်သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

(၇) မြေဩဇာအတုအပများ ပပျောက်ပြီး အရည်အသွေးစံချိန် စံညွှန်းပြည့်မီသော မြေဩဇာများ ကိုစိုက်ပျိုးသူများ သုံးစွဲနိုင်ရန် မြေဩဇာ စစ်ဆေးခြင်းလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း။