မြေဩဇာကော်မတီ၏ (၄၁) ကြိမ်မြောက် အစည်းအဝေးကျင်းပ

မြေဩဇာကော်မတီ၏ (၄၁) ကြိမ်မြောက် အစည်းအဝေးကျင်းပ

ယနေ့ကျင်းပပြုလုပ်တဲ့ (၄၁)ကြိမ်မြောက် မြေဩဇာကော်မတီအစည်း အဝေးသို့တက်ရောက်ပေးကြပါ သော မြေဩဇာကော်မတီအဖွဲ့ဝင်များနှင့် မြေဩဇာကျွမ်းကျင် ပညာရှင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံစေရန်နဲ့ စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားစေရန်အတွက် အရည်အသွေးပြည့်မီသော မြေဩဇာများ သုံးစွဲနိုင်ရေးသာမက အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်လျက်ရှိပါ တယ်။ ဒါ့ကြောင့် မြေဩဇာကော်မတီက တောင်သူတွေ အရည်အသွေးပြည့်မီတဲ့ မြေဩဇာတွေကို အချိန်နဲ့ တပြေးညီ သုံးစွဲနိုင်ရေးအတွက် (၃) လတစ်ကြိမ် အစည်းအဝေးပြုလုပ်ပြီး မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့ရဲ့ စိစစ်ထောက်ခံချက်နဲ့ မြေဩဇာမှတ်ပုံတင်တွေကို ထုတ်ပေးခဲ့တာ ပြီးခဲ့တဲ့အကြိမ် (၄၀) မြောက် မြေဩဇာ ကော်မတီအစည်းအဝေးအထိ မှတ်ပုံတင်လက်မှတ်ပေါင်း (၁၁၁၂၉) စောင် ခွင့်ပြုပေးနိုင်ခဲ့ပြီး ကာယကံရှင်က တင်ပြလို့ ပယ်ဖျက်တာ (၁၈၃၃) စောင်နဲ့ သက်တမ်းကျော်လွန်လို့ ဌာနကဖျက်သိမ်းတာ (၂၆၈၉) စောင်ရှိတဲ့ အတွက် ဒီနေ့ထိ ကျန်ရှိတဲ့ မှတ်ပုံတင်ကတော့ (၆၆၀၇) စောင်ဖြစ်ပါတယ်။

မြေဩဇာကော်မတီက မြေဩဇာထုတ်လုပ်ခွင့်၊ တင်သွင်းခွင့်မှတ်ပုံတင် ပေးတဲ့လုပ်ငန်းတွေကို မြေဩဇာ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သီးနှံတွေ စိုက်ပျိုးထုတ်လုပ်မှု တိုးတက် ရေးအတွက် လိုအပ်တဲ့သွင်းအားစုတွေမှာ မြေဩဇာက အဓိကပါဝင်လျက်ရှိပါတယ်။ မြေဩဇာတင်သွင်းခွင့်ပြု ပေးရာတွင် နိုင်ငံခြားငွေသုံးစွဲမှုကို စိစစ်သုံးစွဲနေရတဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့် ပြည်ပမှတင်သွင်းမှုထက် ပြည်တွင်း ထုတ်လုပ်တဲ့လုပ်ငန်းတွေကို ဦးစားပေးပြီးတော့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းမှာ အဓိကသီးနှံတွေ ပန်းတိုင်အထွက်နှုန်း ရရှိဖို့ရာ အတွက်ဆိုရင် တစ်နှစ်ကို မြေဩဇာတန်ချိန် (၄) သန်းခန့် လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်စဉ်လိုအပ်ချက်ကို ပြည့်မီအောင် တင်သွင်းနိုင်မှု မရှိဘဲ အများဆုံး တင်သွင်းတဲ့နှစ်မှာ တန်ချိန် (၁.၈) သန်းခန့်ကိုသာ တင်သွင်းသုံးစွဲခဲ့တာ တွေ့ရ ပါတယ်။ ၂၀၂၄-၂၀၂၅ ခုနှစ်မှာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မဲ့ မိုးစပါး၊ မိုးနဲ့ဆောင်း ဆီထွက်သီးနှံတွေအတွက် လိုအပ်တဲ့ ဓာတ်မြေဩဇာတွေကိုလဲ တောင်သူတွေကို မဖြန့်ဖြူးမီ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှု ရှိ၊မရှိ မြေဩဇာ နမူနာ ယူပြီး  ဓာတ်ခွဲခန်းမှာ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းတွေ ရာသီချိန်မီ ဆောင်ရွက်ဖို့ရာအတွက် တောင်သူတွေ လိုအပ်တဲ့ ဓာတ်မြေဩဇာ တွေကို တင်သွင်းနိုင်ဖို့ရာ ကြိုတင်ခွင့်ပြု မိန့်ပေးထား တာတွေရှိတဲ့အတွက် ယနေ့အစည်းအဝေးမှာ ကော်မတီ ကနေ ၏ပြီးတော့ အတည်ပြု ပေးရမှာဖြစ်သလို ကြိုတင်ခွင့်ပြုချက်တောင်းခံတာတွေများလာလို့ ခွင့်ပြုချက် ပေးရာမှာ အခြေခံရမဲ့မူတွေလဲ လိုအပ်မှာဖြစ်တဲ့အတွက်ကြောင့် ဆွေးနွေးဆုံးဖြတ် ပေးရမှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ သီးနှံများစိုက်ပျိုးထုတ်လုပ်လျက်ရှိတဲ့ တောင်သူတွေ အနေဖြင့် အရည်အသွေးပြည့်မီတဲ့ မြေဩဇာတွေကို အသုံးပြုနိုင်ရေးနဲ့ စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေးအတွက် ယနေ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ ကော်မတီဝင်များအနေနဲ့ မြေဩဇာလုပ်ငန်းနဲ့ပတ်သက်ပြီး အကြံပြုချက်တွေနဲ့အတူ ယနေ့အစည်းအဝေးမှာ ဆွေးနွေးမဲ့ အမှာစာများအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးဖို့ တိုက်တွန်းပြောကြားခဲ့ပါ သည်။