၂၀၁၉ - ၂၀၂၀ ခုနစ် လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေ



၂၀၁၈-၂၀၁၉ ခုနှစ်၊ ဆောင်းရာသီ ပဲတီစိမ်းသီးနှံ ရွက်ဖျန်းမြေဩဇာထည့်သွင်းခြင်း စံပြကွက်

မြို့နယ် – ကျိုက်ထို၊ သထုံ၊ မုဒုံ
ကျေးရွာ – ကျိုက္ကသာ၊ ကျိုက္ကော်၊ မှိန်ကနိန်း
တောင်သူအမည် – ဦးစောအောင်၊ ဦးဌေးသန်း၊ ဦးလွင်ဆန်းဦး
ကွင်းအမှတ် – oss ၁၈၈၊ ၅၈၅၊ ၈၂၉က
ဦးပိုင်အမှတ် – ၁၈၈/၁၉၀၊ ၁/၁၊ ၆၀/၉
ဆောင်ရွက်ချက် – ဗလာကွက်၊ DAP ရွက်ဖျန်း၊ ယူရီးယား+လက်ချား၊ KNO3

စစ်ဆေးခြင်း

မြို့နယ် – ဘီးလင်း၊ ကျိုက်မရော၊ မော်လမြိုင်၊ မုဒုံ၊ ပေါင်၊ သထုံ၊ ရေး

အဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာများမှ မြေနမူနာရယူခြင်း (IHTDV)

မြို့နယ် – ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး
ကျေးရွာ – ကော့ထင်း၊ ဇွဲကလာ၊ ဂေါ့၊ ဖြူဘ၊ ကော့ခမယ်၊ ကညှော်၊ လက်ပန်၊ ဘဲရမ်း/ကွမ်တာ၊ တောင်ဖလု၊ အစင်

အကြောင်းအရာ – အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ များမြေနမူနာရယူခြင်း
အရေအတွက် – ၆၊ ၆၊ ၆၊ ၆၊ ၆၊ ၆၊ ၆၊ ၆၊ ၆၊ ၄
စုစုပေါင်း အရေအတွက် – ၅၈

မြေနမူနာရယူခြင်း (Heavy Metal)

ရက်စွဲ = ၂၇.၂.၂၀၁၉
မြို့နယ် = ကျိုက်ထိုမြို့နယ် ၊ အင်္ဂပို ကျွဲကောခြံ ၊ စိုက်ပျိုးရေးဦးစီးဌာန
အကြောင်းအရာ = အင်္ဂပိုဥယျာဉ်ခြံသည် GAP နည်းစနစ်နှင့်အညီ စိုက်ပျိုး လုပ်ကိုင် နိုင်ရန်။
အရေအတွက် = ၂ ထုတ် (၂ နေရာ)

မြေလွတ်မြေရိုင်းများတွင် ကျွဲကောအထူးဇုံ တည်ထောင် စိုက်ပျိုးနိုင်ရန်အတွက် မြေနမူနာများရယူခြင်း

ရက်စွဲ                     =        ၂၉.၉.၂၀၁၉

မြို့နယ်                             =        ကျိုက်ထိုမြို့နယ် ၊ မုက္ခမော့နှင့်သုံးခွကျေးရွာ

အကြောင်းအရာ       =        မြေလွတ်မြေရိုင်းများတွင် ကျွဲကောအထူးဇုံ တည်ထောင် စိုက်ပျိုး နိုင်ရန်အတွက်

အရေအတွက်          =        (၅)နေရာ (၅)ထုတ်

မြေဆီလွှာ ပျက်စီးပြုန်းတီးမှု ပြဿနာများကို ကွင်းဆင်းစစ်ဆေးခြင်း

အကြောင်းအရာ။ ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ်တွင် မြေဆီလွှာပျက်စီးပြုန်းတီးမှု ဖြစ်ပေါ်နေသဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန်အတွက် ညွှန်ကြားရေးမှူး (မြေအသုံးချရေးဌာနခွဲ)၏ (၂၄.၄.၂၀၁၉) ရက်စွဲပါ စာအမှတ်- ၁၂/ထင(ထွေ)၆၆၁/၂၀၁၉ ဖြင့် တာဝန်ပေးချက်အရ
နေ့စွဲ။ ၂၆.၄.၂၀၁၉
နေ့ရာ။ ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ထီလုံဗဟိုခြံ
အရွယ်အစား။ လယ်မြေ ၅၉.၆၈ ဧက
ဆောင်ရွက်မှု။ မြေနမူနာများကို ဆားများစုပုံနေသော နေရာ(၃)နေရာမှ ၆” အနက်နှင့် ၁၂” အနက် စုစုပေါင်း (၆)ထုတ်နှင့် အခြားမြေနမူနာ ၆” အနက်မှ (၃) ထုတ် ဆားလွတ်သော နေရာမှ Control (၂)ထုတ် စုစုပေါင်း (၁၁)ထုတ် နှင့်ရေနမူနာ (၁)ပုလင်းတို့ကို ယူဆောင်၍ ဓါတ်ခွဲခန်းသို့ ပေးပို့ စမ်းသပ်ခဲ့ ပါသည်။

ပညာပေးသင်တန်းများ ဆောင်ရွက်ခြင်း

အပင်အာဟာရဓါတ်များနှင့် ချို့တဲ့မှုလက္ခဏာများ ၊ ကာကွယ်ကုစားနည်းများနှင့် ဓါတ်မြေဩဇာ စနစ်တကျ သုံးစွဲခြင်း နှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း တောင်သူ ပညာပေးသင်တန်း

၁။ ရည်ရွယ်ချက်
အောက်ဖေါ်ပြပါ ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
(က) အပင်အတွက် မရှိမဖြစ်လိုအပ်သည့် အာဟာရဓါတ်များ အကြောင်း သိရှိလာစေရန်။
(ခ) အပင်အာဟာရဓါတ် ချို့တဲ့မှုနှင့် ကာကွယ်ကုစားနည်းများ သိရှိစေရန်။
(ဂ) ဓါတ်မြေဩဇာကို စနစ်တကျ သုံးစွဲခြင်းဖြင့် အလေအလွင့် နည်းပါးပြီး တစ်ဧက အထွက်နှုန်း တိုးတက်စေရန်။
(ဃ) စိုက်ပျိုးမြေဆီလွှာများ ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန်။
(င) တောင်သူများအနေဖြင့် အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်း ပြည့်မီသော မြေဩဇာ များကို သုံးစွဲတတ်စေရန်။
၂။ သင်ခန်းစာ (Topic)

  • အပင်အာဟာရဓါတ်များနှင့် ချို့တဲ့မှုလက္ခဏာများ ၊ ကာကွယ် ကုစားနည်းများ။
  • ဓါတ်မြေဩဇာ စနစ်တကျ သုံးစွဲခြင်း။
  • သဘာဝမြေဩဇာ ပြုလုပ်သုံစွဲနည်း။
  • မြေဩဇာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ။
  • စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ။
  • ငါးအမိုင်နိုအက်ဆစ် ရွက်ဖျန်းမြေဩဇာ ပြုလုပ်နည်း။

၃။ သင်တန်းပို့ချသူ – ဒေါ်မြတ်မော် ၊ ပြည်နယ်မြေ အသုံးချရေး တာဝန်ခံ
၄။ သင်တန်းဆောင်ရွက်သည့် နေရာ – (၁) ဘီးလင်းမြို့နယ် ၊ ဇုတ်သုတ်ကျေးရွာ
တက်ရောက်သည့် တောင်သူပေါင်း – တောင်သူ (၆၀) ၊ ဝန်ထမ်း (၂၀)
သင်တန်းပြုလုပ်သည့်နေ့စွဲ – ၃.၉.၂၀၁၉ မှ ၄.၉.၂၀၁၉
၅။ သင်တန်းဆောင်ရွက်သည့် နေရာ – ကျိုက်မရောမြို့နယ် ၊ ခနောင်ကျေးရွာ
တက်ရောက်သည့် တောင်သူပေါင်း – တောင်သူ (၆၄) ၊ ဝန်ထမ်း (၂၀)
သင်တန်းပြုလုပ်သည့်နေ့စွဲ – ၁၂.၉.၂၀၁၉ မှ ၁၃.၉.၂၀၁၉