ဒီဂျစ်တယ် မြေအရင်းအမြစ်ပြ မြေပုံရေးဆွဲခြင်းဆိုင်ရာ သင်တန်း (Digital Soil Mapping) အစီရင်ခံစာ

သင်တန်းသားဦးရေ

- ဝန်ထမ်း(၈) ဦး

ဆောင်ရွက်သည့်နေရာ

- ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်ရွက်သည့်နေ့ရက်

- ၁၀.၁၂.၂၀၁၈-၁၄.၁၂.၂၀၁၈

သင်တန်းပို့ချသူများ

  • Anthony John Ringrose-Voase (CSIRO, Agriculture, Projector Leader)
  • Gerard John Grealish (CSIRO,Consultant in soil and land resource survey and development)
  • Dr.Mark Thomas (CSIRO, Senior Experimental Soil Scientist)

သင်တန်းတက်ရောက်သူများ

  • ဦးလှိုင်ထွန်းအောင် (ဒု-ဦးစီးမှူး၊ မြေအသုံးချရေးဌာနခွဲ)
  • ဦးကျော်သက်ဦး (ဒု-ဦးစီးမှူး၊ မြေအသုံးချရေးဌာနခွဲ)
  • ဦးအောင်ကျော်လင်း(လ/ထဦးစီးမှူး၊မြေအသုံးချရေးဌာနခွဲ)
  • ဦးပိုင်ဦးဇော် (လ/ထဦးစီးမှူး၊ မြေအသုံးချရေးဌာနခွဲ)
  • ဒေါ်ဧကရီဝင်း (လ/ထဦးစီးမှူး၊ မြေအသုံးချရေးဌာနခွဲ)
  • ဦးသက်နိုင်ဝင်း(ဒု-လ/ထဦးစီးမှူး၊ မြေအသုံးချရေးဌာနခွဲ)
  • ဦးအောင်မြင့်မြတ်(ဒု-လ/ထဦးစီးမှူး၊ မြေအသုံးချရေးဌာနခွဲ)
  • ဦးကောင်းထက်လွင်ဦး (လ/ထ ကထိက၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်)

ဆွေးနွေးပို့ချသည့် အကြောင်းအရာများ

  • ဒီဂျစ်တယ် မြေအရင်းအမြစ်ပြမြေပုံရေးဆွဲခြင်း (Digital Soil Mapping –DSM) အကြောင်း မိတ်ဆက်ခြင်း။
  • ဒီဂျစ်တယ် မြေအရင်းအမြစ်ပြမြေပုံရေးဆွဲရန်အတွက် မြေဆီ လွှာ၏ အခြေခံသဘောတရားများအား လေ့လာခြင်း။
  • DSM Tool တည်ဆောက်ပုံ (လက်တွေ့လုပ်ဆောင်ခြင်း)။
  • မြေပုံထွက်ရန်အတွက် DSM Tool ထဲသို့ Soil data များ သွင်းခြင်း(လက်တွေ့လုပ်ဆောင်ခြင်း)။
  • R software အားအသုံးပြု၍Soil data များထည့်ခြင်း။
  • ကွင်းဆင်းတိုင်းတာထားသောမြေဆီလွှာဒေတာအချက် အလက်များအား TabletCommCare application အသုံးပြု၍ ဒေါင်းလုပ်ရယူပုံ။

ဆွေးနွေးပို့ချမှုအပေါ် အပြန်အလှန်ဆွေးနွေးမှုများနှင့်ရလာဒ်များ

  • Digital Soil Mapping (DSM) နည်းပညာကို အသုံးပြု၍ အခြားသောဒေသများတွင်လည်း မြေအရင်းအမြစ်ပြမြေပုံ များကို ရေးဆွဲခြင်းဖြင့် သင့် လျော်သော မြေအရင်းအမြစ်နှင့် စိုက်ပျိုးသီးနှံများကို ဖော် ထုတ်နိုင်မည်ဖြစ်ပါသည်။
  • Geographical Information System နည်းပညာကို အခြေခံ အသုံးပြုပြီးမြေမျက်နှာသွင်ပြင် အနေအထားပေါ် မူတည်၍ မြေဆီလွှာအဆင့်အတန်း ခွဲခြားခြင်းကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
  • R software သည် DSM အတွက် အလွန်အခြေခံ ကျသော statistical software တစ်ခုဖြစ်ပြီး နိုင်ငံ တကာ Scientist များမှလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေကျပြီး Software free download ရယူပုံများကိုလည်း ဆွေးနွေး ပြောကြားခဲ့ပါသည်။
  • ဒီဂျစ်တယ်မြေအရင်းအမြစ်ပြမြေပုံရေးဆွဲခြင်းနှင့် သမရိုးကျ မြေပုံရေးဆွဲခြင်း၏ ခြားနားချက်များကို မေးမြန်းရာတွင် ဒီဂျစ်တယ်မြေအရင်းအမြစ်ပြမြေပုံ ရေးဆွဲခြင်းသည် သမရိုး ကျမြေပုံရေးဆွဲခြင်းထက် ကုန်ကျစရိတ်သက်သာခြင်း၊ လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်ခြင်း၊ ရှိရင်းစွဲ ဒေတာ အချက်အလက်များပေါ်တွင် ထပ်ပေါင်းထည့်နိုင်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။
  • ကွင်းဆင်းတိုင်းတာထားသောမြေဆီလွှာဒေတာအချက် အလက်များအား TabletCommCare application အသုံး ပြု၍https://www.commcarehq.org/accounts/login/ or https://www.commcarehq.org တွင် ဝင်ရောက်၍ Free Download ရယူနိုင်ပါသည်။
  • မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်မြေအရင်းအမြစ်ပြမြေပုံ ရေးဆွဲ ခြင်း(DSM) နည်းပညာကို အသုံးပြုလုပ်ဆောင်နိုင်လျင် လက်ရှိမြေယာအကဲဖြတ်ခြင်း နည်းစနစ်များကို ပိုမိုကျယ် ပြန့် ထိရောက်မြန်ဆန်စွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
  • တက်ရောက်လာသည့် သင်တန်းသားများအား ဒီဂျစ်တယ် မြေအရင်းအမြစ်ပြမြေပုံရေးဆွဲရာတွင် အသုံးပြုနိုင်သည့် Software Package များ၊ လေ့လာ ရန် Reference Book Soft copy များကို ပေးအပ်ခဲ့ပါသည်။