မြေဆီလွှာအတွင်းရှိ သီးနှံပင်အာဟာရဓါတ်များကို ရွေးချယ်၍ လွယ်ကူလျင်မြန်စွာ စက်ဖြင့်တိုင်းတာခြင်း(Ion Selected Electrode-ISE) သင်တန်းအစီရင်ခံစာ

သင်တန်းသားဦးရေ

- ဝန်ထမ်း(၁၁) ဦး

ဆောင်ရွက်သည့်နေရာ

- ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန

ဆောင်ရွက်သည့်နေ့ရက်

- ၁၀.၁၂.၂၀၁၈-၁၄.၁၂.၂၀၁၈

သင်တန်းပို့ချသူများ -Dr. Mike Wong (Associate Professor, University of Murdoch, Australia)

သင်တန်းတက်ရောက်သူများ –

  • ဒေါက်တာချိုမာထွေး (ဦးစီးအရာရှိ၊ မြေအသုံးချရေးဌာနခွဲ)
  • ဒေါ်နန်းကိန်ခမ်း (ဦးစီးအရာရှိ၊ မြေအသုံးချရေးဌာနခွဲ)
  • ဒေါ်ယွန်းမြတ်စံသီ(ဒု-လ/ထဦးစီးမှူး၊မြေအသုံးချရေးဌာနခွဲ)
  • ဒေါ်ယဉ်ယဉ်အေး(သုတေသနလက်ထောက်-၂၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန)
  • ဒေါ်ဖြိုးဖြိုးဝင်း (သုတေသနလက်ထောက်-၂၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန)
  • ဒေါ်ခင်မျိုးသန့်(သုတေသနလက်ထောက်-၃၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန)
  • ဒေါ်ခင်မိုးဆွေ (သုတေသနလက်ထောက်-၃၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန)
  • ဒေါ်ဌေးလှိုင်(သုတေသနလက်ထောက်-၄၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန)
  • ဒေါ်တိုးတိုးမော်(လက်ထောက်ကထိက)
  • ဒေါ်ချောစုလွင်(လက်ထောက်ကထိက)
  • ဒေါ်သူဇာဝင်း(လက်ထောက်ကထိက)

ဆွေးနွေးပို့ချသည့် အကြောင်းအရာများ

  • Ion selective electrode အကြောင်းမိတ်ဆက်ခြင်း။
  • စက်ပစ္စည်းများတပ်ဆင်ပုံ၊ ထိန်းသိမ်းထားရှိပုံများအား စာတွေ့ လက်တွေ့ သင်ကြားခြင်း။
  • စက်ပစ္စည်းနှင့်သက်ဆိုင်သော ဓါတုဆေးရည်များ ဖျော်စပ် ခြင်း၊ ကိုင်တွယ်ရာတွင် ဘေးကင်းစေရန်အတွက် သင်ကြား ပြသခြင်း။
  • မြေနမူနာပြင်ဆင်၍ မြေတွင်းမှ တိုင်းလိုသည့် အာဟာရ များ ထုတ်နုတ် ပုံအဆင့်ဆင့်အား လက်တွေ့သင်ကြားပြသခြင်း။
  • စက်များ ကိုင်တွယ်အသုံးပြုရာတွင် လိုက်နာရန် အချက်များ နှင့် အားနည်းချက် အားသာချက်များအား ရှင်းလင်း ဆွေးနွေးခြင်း။
  • ပိုတက်စီယမ်၊ နိုက်ထရိုတ်နှင့်အမိုနီယမ် ဒြပ်စင်များအား လက်တွေ့ တိုင်းတာခြင်း။

ဆွေးနွေးပို့ချမှုအပေါ် အပြန်အလှန်ဆွေးနွေးမှုများနှင့်ရလာဒ်များ

  • Ion selective electrode (ISE) ကို အသုံးပြုတိုင်းတာ လိုပါက မိမိတိုင်းတာလိုသော ဒြပ်စင်တစ်မျိုးစီအတွက် သီးခြား electrode တစ်ချောင်းစီ လိုအပ်ကြောင်း လေ့လာ သိရှိခဲ့ပါသည်။
  • Ion selective electrode (ISE) သည် မြေချဉ်ငံကိန်း တိုင်းတာသည့် စက်/မီတာနှင့် အသွင်တူညီသကဲ့သို့ သဘော တရားလည်း တူညီပါသည်။ pH electrode H+ ions concentration ကို တိုင်းတာခြင်းဖြစ်ပြီး Ion selective electrode (ISE) သည် မိမိတိုင်းတာလိုသည့် electrode တစ်မျိုးစီကို မီတာတွင်ချိတ်ဆက်ပြီး တိုင်းတာခြင်း ဖြစ်ပါ သည်။
  • Ion selective electrode (ISE) တွင်ပါဝင်သော အဓိက ပစ္စည်းမှာ ဒြပ်စင်များကို အာရုံခံသည့်(sensor) အရာဖြစ် ပါသည်။ အသုံးပြုသက်တမ်းမှာ တိုင်းတာမည့် မြေနမူနာ အရေအတွက်ပေါ် မူတည်၍ သက်တမ်းကြာမြင့်နိုင်မည် ဖြစ်ပါသည်။
  • ဓါတုဆေးရည်များစွာမလိုအပ်ပဲ တိုင်းတာသူဘေးကင်းစွာ တိုင်းတာနိုင်သည့် စက်ပစ္စည်းဖြစ်ကြောင်း လေ့လာသိရှိခဲ့ရ ပါသည်။
  • ပြင်းအား (0.1 to 1000 ppm) range အတွင်းတိုင်းတာ အသုံးပြုနိုင်ပြီး ဓါတ်ခွဲခန်းများအတွက် ရင်းနှီးမြုပ်နှံမှု ငွေပမာဏ လျှော့ချနိုင်သည့် စက်များဖြစ်ပါသည်။
  • လျှပ်စစ်မီးရရှိနိုင်သော တိုင်း၊ ခရိုင်၊မြို့နယ်၊ ကျေးရွာများ အထိ သယ်ယူတိုင်းတာနိုင်မည့် ပစ္စည်းဖြစ်ပါသည်။
  • ISE ကိုအသုံးပြုတိုင်းတာရန်အတွက် မြေဆီလွှာအတွင်း၌ ရှိ သော အပင်အာဟာရဓါတ်များကို ထုတ်နုတ်(Extrection Method)ယူရသည့် ဓါတုဆေးရည်အမျိုးအစားသာ ကွာခြား ပြီး တိုင်းတာသည့်နည်းလမ်းမှာ ရိုးရှင်းလွယ်ကူ၍ မြေနမူနာ များစွာကို အချိန်တိုအတွင်း စက်(meter) မှ တန်ဖိုးကို ဖတ်ရုံဖြင့် တိုက်ရိုက် (Direct Measure) တိုင်းတာနိုင် ပါသည်။
  • လိုအပ်သည့်နေရာ၊ လိုအပ်သည့်အချိန်တွင် အချိန်နှင့် တပြေးညီ တိုင်းတာလိုသော မြေချဉ်ငံကိန်း အပါအဝင် သီးနှံ ပင် အဓိကအာဟာရဓါတ်များစွာကို သီးနှံပင် မစိုက်ပျိုးမီ မြေပြုပြင်ချိန်များနှင့် စိုက်ပျိုးချိန်တို့တွင် လျှင်မြန်စွာ တိုင်း တာနိုင်မည့် Electrode များဖြစ်ကြောင်း လေ့လာသိရှိခဲ့ပါ သည်။
  • မြေယာမြေပုံ ထုတ်လုပ်မည့် လုပ်ငန်းများတွင် အထောက် အကူ ဖြစ်စေနိုင်ပါသည်။