မြေယာစီမံခန့်ခွဲခြင်း သင်တန်း (Land Use Planning) အစီရင်ခံစာ

သင်တန်းသားဦးရေ

- ဝန်ထမ်း(၁၁) ဦး

ဆောင်ရွက်သည့်နေရာ

- စိုက်ပျိုးရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်

ဆောင်ရွက်သည့်နေ့ရက်

- ၁.၃.၂၀၁၉ မှ ၂.၃.၂၀၁၉

သင်တန်းပို့ချသူများ

  • Anthony John Ringrose-Voase (CSIRO, Agriculture, Projector Leader)
  • Dr. Delia Catacutan, Senior Social Scientist & Country Representative, World Agroforestry Center, Vietnam Country Office

သင်တန်းတက်ရောက်သူများ

  • ဦးမင်းကြည်(လ/ထ ညွှန်ကြားရေးမှူး၊ ရမည်းသင်းခရိုင်တာဝန်ခံ)
  • ဒေါ်ခင်မာသန်း (လ/ထ ညွှန်ကြားရေးမှူး၊ မကွေးတိုင်းမြေအသုံးချရေးတာဝန်ခံ)
  • ဒေါက်တာသန္တာညီ(လ/ထညွှန်ကြားရေးမှူး၊ မြေအသုံးချရေး ဌာနခွဲ)
  • ဒေါက်တာစန်းလှထွေး
  • ဦးဝင်းညွန့် ( မြို့နယ်ဦးစီးမှူး၊ ပျော်ဘွယ်စိုက်ပျိုးရေးဦးစီးဌာန)
  • ဦးဇော်မင်း (မန်နေဂျာ၊ သစ်တောဦးစီးဌာန)
  • ဦးလှခိုင် ( ဒု-ဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန
  • ဒေါ်ဇင်မာထွန်း (ဒု-ဦးစီးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)
  • ဒေါ်နီနီသန်း (ဒု-ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး)
  • ဒေါ်ဧကရီဝင်း(လ/ထ ဦးစီးမှူး၊ မြေအသုံးချရေးဌာနခွဲ)
  • ဦးအောင်မြင့်မြတ် (ဒု-လ/ထ ဦးစီးမှူး၊ မြေအသုံးချရေးဌာနခွဲ)

ဆွေးနွေးပို့ချသည့် အကြောင်းအရာများ

  • ရှေးဦးစွာ Anthony John Ringrose-Voase မှ စီမံကိန်း၏ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို သင်တန်း သို့တက်ရောက်လာသူများအား ဆွေးနွေးတင်ပြခဲ့ပါသည်။
  • Delia Catacutan မှ Approaches to integrate participatory Land Use Planning into existing processes for rural development နှင့်စပ်လျဉ်း၍ မိတ်ဆက်ပြောကြားခဲ့ပါသည်။
  • Introduction to Land Use Planning သဘောတရားများ အားသင်ကြားပို့ချခြင်း။
  • Steps in Land Use Planning ခေါင်းစဉ်ဖြင့် မြေယာစီမံ ခန့်ခွဲရေးတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအကြောင်း သင်ကြားပို့ချခြင်း။
  • Analysis of problems ခေါင်းစဉ်ဖြင့် မြေယာစီမံခန့်ခွဲမှု လုပ်ငန်းအဆင့်ဆင့်တွင် တွေ့ကြုံရမည့် အခက်အခဲများအား စီစစ်သုံးသပ်ခြင်းအား သင်ကြားပို့ချခြင်း။
  • Identify opportunities for change အကြောင်းနှင့်စပ် လျဉ်း၍ ပြောင်းလဲခြင်းဖြင့် ရရှိနိုင်မည့် အခွင့်အလမ်း အသေး စိတ်အား ဆွေးနွေးတင်ပြခြင်း။
  • Evaluate Land Suitability ခေါင်းစဉ်ဖြင့် ပျော်ဘွယ်မြို့နယ်ရှိ မြေဆီလွှာအရင်းအမြစ်များအပေါ် အခြေခံ၍ သင့်တော်သော မြေယာစီမံခန့်ခွဲမှုအကြောင်းအား ရှင်းလင်းပြောကြားခြင်း။
  • Appraise alternative crops in sedation to environmental, economic benefits & impacts အကြောင်းအား စီးပွားဖြစ်တွက်ချေကိုက်သော သီးနှံများအား ရွေးချယ်စိုက်ပျိုးခြင်း အကြောင်းအရာကိုပါ ထည့်သွင်း ဆွေးနွေးတင်ပြခြင်း။
  • Choose the best options ခေါင်းစဉ်ဖြင့် မြေယာစီမံခန့်ခွဲ ရာတွင် ရွေးချယ်သင့်သည့် အကောင်းဆုံးနည်းလမ်းများ အကြောင်းနှင့်စပ်လျဉ်းသည့် အချက်များကို သင်ကြားပို့ချ ခြင်း။
  • ထို့နောက် ပျော်ဘွယ်မြို့နယ်တွင် Land Use Planning နှင့် ပက်သက်၍ working group အားဖွဲ့စည်း၍ ရှေ့လုပ်ရမည့် လုပ်ငန်းများအား အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပို့ချမှုအပေါ်အပြန်အလှန်ဆွေးနွေးမှုများနှင့်ရလာဒ်များ

  • ဆွေးနွေးပို့ချမှုအပေါ် တက်ရောက်ခဲ့သည့် သင်တန်းသား များနှင့် Land Resource Mapping (DLRM) နည်းစနစ် အား အသုံးပြု၍ ရရှိလာသော Land Suitability Map အား ရေးဆွဲပြီး ပျော်ဘွယ်မြို့နယ်ရှိ မြေဆီလွှာအရင်းအမြစ်ပေါ် မူတည်၍ စိုက်ပျိုးနိုင်မည့်သီးနှံများကို ဖော်ထုတ်နိုင် မည်ဖြစ်ပါ သည်။
  • မြေအသုံးချရေးဌာနခွဲအနေဖြင့်လည်း Land Suitability Map ရေးဆွဲခြင်းလုပ်ငန်းသာမက မြေယာစီမခံခန့်ခွဲခြင်း လုပ်ငန်းများ ကိုလည်း စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်သွား နိုင်မည်ဖြစ်ပါသည်။
  • မြို့နယ်အဆင့် လက်ရှိမြေယာအကဲဖြတ်ခြင်းနှင့် မြေယာစီမံခန့်ခွဲ ခြင်းနည်းစနစ်များကို ပိုမိုကျယ်ပြန့် ထိရောက်မြန်ဆန်စွာ လုပ်ဆောင်သွားနိုင်မည် ဖြစ်ပါသည်။
  • တောင်သူများအနေဖြင့် မိမိတို့၏ မြေယာစီမံခန့်ခွဲဆုံးဖြတ်ရာ တွင် စနစ်တကျတွက်ချက်၍ စီးပွားရေးတွက်ချေကိုက်ပြီး မြေဆီလွှာအရင်းအမြစ်နှင့် ကိုက်ညီသောသီးနှံများကို ပြောင်းလဲ စိုက်ပျိုးသွားနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် တောင်သူများအနေဖြင့် မိမိတို့ မြေဆီလွှာပြသာနာ များအားပြုပြင်သင့်သည့် နည်းလမ်းများကိုလည်း ဖော်ထုတ် သွားနိုင်မည်ဖြစ်ပါသည်။