စိုက်ပျိုးရေးသွင်းအားစုများအား အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင် လျှောက်ထားမှု ရှေ့ပြေး စမ်းသပ်ခြင်းအစီအစဉ် မိတ်ဆက်

စိုက်ပျိုးရေးသွင်းအားစုများ အွန်လိုင်းစနစ် မှတ်ပုံတင် လျှောက်ထားမှု ရှေ့ပြေး စမ်းသပ်မှု အစီအစဉ် မိတ်ဆက်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၂၇ ရက် နေ့လယ်ပိုင်း က Web Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယညွှန် ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊  IFC မှ Creating Markets  Advisory, Manager Ms. Paramita Dasgupta,  Operations Officer Jose Ricardo Silva, မြေဩဇာ၊ မျိုးစေ့ နှင့် ပိုးသတ်ဆေးလုပ်ငန်းရှင်များ စုစုပေါင်း(၁၂၉) ဦး တို့က သက်ဆိုင်ရာဒေသများမှ Zoom Application အသုံးပြု၍ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က အဖွင့်အမှာ စကား ပြောကြားပြီး၊ IFC  Creating Markets  Advisory, Manager Ms. Paramita Dasgupta က ဂုဏ်ပြုစကား ပြောကြားသည်။ ထို့နောက်  IFC  Operations Officer Jose Ricardo Silva က MAIRS ဆောင်ရွက်ခြင်း ၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ချက်များကို ပြောကြားပြီး  ဦးဗညားအောင် က မြန်မာစိုက်ပျိုးရေးသွင်းအားစုများအွန်လိုင်းစနစ်မှတ်ပုံတင်ခြင်း Myanmar Agricultural  Inputs Registration  System (MAIRS) ဆောင်ရွက်ပုံအဆင့်ဆင့်ကို သရုပ်ပြ ရှင်းလင်း ပြောကြားရာ ဖွင့်ပွဲအခမ်းအနား တက်ရောက်လာကြသူများ က သိရှိလိုသည်များ ကို မေးမြန်း ဆွေးနွေးခဲ့ကြသည်။

မြန်မာ စိုက်ပျိုးရေး သွင်းအားစုများ အွန်လိုင်းစနစ်မှတ်ပုံတင် (MAIRS)ကို In Partnership with Australian and UK Aid ဖြင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IFC), ကမ္ဘာ့ဘဏ်အုပ်စု (WBG) တို့၏ ကူညီပံ့ပိုးမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသွင်းအားစုများဖြစ်သော မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေး များကို အွန်လိုင်းစနစ် ဖြင့် မှတ်ပုံတင်လျှောက်ထားခြင်း၊  တင်သွင်း/ တင်ပို့ခွင့် ထောက်ခံချက် လျှောက်ထားခြင်း စသည့် လုပ်ငန်းများကို https://mairs.doa.gov.mm/     ဝဘ်ဆိုဒ်စာမျက်နှာ ပေါ်သို့ ဝင်ရောက်၍ အွန်လိုင်းပေါ်မှ အလွယ်တကူဆောင်ရွက်နိုင်ကြမည် ဖြစ်ကြောင်း သိရှိရသည်။