မြေဩဇာကော်မတီ၏ (၃၉) ကြိမ်မြောက် အစည်းအဝေးကျင်းပ

    မြေဩဇာကော်မတီ‌ဥက္ကဋ္ဌ၊    စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာ တွင်  ဓာတ်မြေဩဇာအသုံးပြုရာတွင်   ပိုမိုထိရောက်မှုရှိစေရေးအတွက်     မြေဆီမြေနှစ်များ    ထိန်းသိမ်းပေးနိုင်ရန် သဘာဝမြေဩဇာ၊  မြေဆွေးနှင့် သစ်စိမ်း မြေဩဇာများ မဖြစ်မနေ တွဲဖက်အသုံးပြုရန်လိုပါကြောင်း၊ Bio Mass ပေါများသည့်   မိမိတို့နိုင်ငံတွင် မြေဆွေးကို    ပေါပေါများများ    ထုတ်လုပ်သုံးစွဲရန်  လိုအပ်ပါကြောင်း၊    ဓာတ်မြေဩဇာလုပ်ငန်းသည်   လယ်ယာကဏ္ဍအသီးသီးမှာ အရေးပါသည့်လုပ်ငန်းဖြစ်သကဲ့သို့ အသေးစား၊ အငယ်စားနှင့်   အလတ်စား  MSME လုပ်ငန်းအနေနှင့်လည်း   နိုင်ငံ့စီးပွားမြှင့်တင်ရေးမှာ     အရေးပါသည့်ကဏ္ဍတစ်ရပ်အဖြစ်ပါဝင်လျှက်ရှိသည့်အတွက်  တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ လုပ်ကိုင် ဆောင်ရွက်လျှက်ရှိသည့် မြေဩဇာ ထုတ်လုပ်၊  တင်သွင်း၊  သိုလှောင်၊  ဖြန့်ဖြူး    ရောင်းချသူများ၏   ရင်းနှီးမြှပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေး  အားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊အလားတူပြည်တွင်းတွင်   ဓာတ်မြေဩဇာစက်ရုံတည်ထောင် လုပ်ကိုင်လိုပါကလုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊     ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးကဲ့သို့သော စိုက်ပျိုးရေး သွင်းအားစုများ ရောင်းဝယ်ဖောက်ကားခြင်းကို ဇုံဧရိယာသတ်မှတ်ဆောင်ရွက်ရန် လိုအပ်ပါကသက်ဆိုင်သူများနှင့်ဆွေးနွေးအဖြေရှာပြီး  စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

     မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန်အတွက် တောင်သူများ အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်း  ကိုက်ညီသည့်    မြေဩဇာများကို  အကျိုးရှိစွာ   သုံးစွဲရန်လိုအပ်ကြောင်း၊    ထို့ကြောင့် မြန်မာနိုင်ငံအတွင်း     သုံးစွဲနေသည့် မြေဩဇာများ အရည်အသွေးနှင့် စံချိန်စံညွှန်း ကိုက်ညီရန် မြေဩဇာကော်မတီသည် မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့၏ စိစစ် ထောက်ခံချက်နှင့်   မြေဩဇာမှတ်ပုံတင်များကို   ထုတ်ပေးလျက်ရှိပါကြောင်း  မြေဩဇာကော်မတီ  အစည်းအဝေးပြုလုပ်ခဲ့တာ ယနေ့အထိ (၃၉) ကြိမ်ရှိပြီး ပြီးခဲ့သည့် (၃၈)ကြိမ်မြောက် အစည်းအဝေး အထိ မှတ်ပုံတင်စုစုပေါင်း (၁၀၁၇၀)စောင်ကို  ခွင့်ပြုပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။

    ထို့အပြင်   သိပ္ပံနှင့်   နည်းပညာ ဝန်ကြီးဌာနမှ    Potassium Nitrate နဲ့ Calcium Nitrate Fertilizer   တို့မှာ   ပေါက်ကွဲ စေနိုင်သည့် Nitrate    ပါဝင်မှုရာခိုင်နှုန်းနဲ့ စပ်လျဉ်းပြီး   သဘောထားမှတ်ချက်ပြန်ကြားထားခြင်းနှင့်    Shu San Trading Enterprise Co., Ltd. မှ Borax Pentahydrate Fertilizer ကို ကုန်ကြမ်း အနေနှင့် တင်သွင်းခွင့် လျှောက်ထားခြင်းအပေါ်မှာ နည်းပညာအဖွဲ့၏ ဆွေးနွေးတင်ပြမှုတွေ၊  Bo Myint  Thu Co., Ltd.၊ Golden Key Co., Ltd. နဲ့  Farmer’s Gold Co., Ltd. တို့ဟာ တရုတ်နိုင်ငံ၏   ပြောင်းလဲလိုက်သည့် မူဝါဒအရ  မြေဩဇာတင်သွင်းခွင့်  မှတ်ပုံတင်လက်မှတ်မှာ အသားတင် အလေးချိန်  ထပ်တိုးခွင်ပြုဖို့   တင်ပြချက်များအပေါ်မှာ ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း၊ သီးနှံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် တောင်သူတွေအနေဖြင့် အရည်အသွေးပြည့်ဝသည့် မြေဩဇာများကို  ဈေးနှုန်းသက်သာစွာနှင့်  ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ယနေ့အစည်းအဝေးကို တက်ရောက်လာကြသည့် ကော်မတီဝင်များအနေနှင့်  မြေဩဇာလုပ်ငန်းနှင့်  ပတ်သက်ပြီး ပိုမို  ကောင်းမွန်စေရန်   ဆောင်ရွက်နိုင်မည့်  နည်းလမ်းများ၊   အကြံပြုချက်များနှင့်အတူ ယနေ့ အစည်းအဝေးမှာ ဆွေးနွေးသည့် အမှာစာများအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။